အလှအပနှင့်ရုပ်ရည်ဟာ အလွန်အမင်းအရေးပါလာတဲ့ ခေတ်ကြီးမှာ မိမိတို့လှပဖို့ အတွက် အမျိုးစုံပြုလုပ်ကာဂရုစိုက်လာကြပါတော့တယ်။ ရုပ်ရည်ကို အရည်အချင်းတစ်ခုအနေနှင့်တောင် သတ်မှတ်လာတဲ့ ကိုရီးယားမှာ Plastic Surgery ပြုလုပ်တဲ့ နှုန်းဟာ တနေ့တခြားတိုးလာပါတယ်။ သင်ဟာ အဆိုကောင်းရုံ သရုပ်ဆောင်ကောင်းရုံ နှင့် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကိုရီးယားမှာသိပ်ကို ခတ်ခဲသွားပါပြီ။

ထို့ကြောင့်လဲ အနုပညာရှင်တချို့ဟာ သူတို့ရဲ့ ဆန္ဒမပါဘဲ စာချုပ်ချုပ်ဆိုထားတဲ့ ကုမ္ပဏီရဲ့ ဖိအားပေးမှုကြောင့် ပလတ်စတစ်ဆာဂျရီလုပ်ခဲ့ရတဲ့ သူတွေရှိလာပါတယ်။ ထိုလူတွေထဲမှာတော့ female rapper တစ်ယောက်ဖြစ်တဲ့ Jessi, မင်းသမီး Han Groo နှင့် YG က အဆိုရှင် Gummy တို့ဖြစ်ပါတယ်။

Jessi ဟာဆိုရင် မျက်လုံ နှင့် နှာခေါင်းကို ပြင်ခဲ့ပြီး ခွဲစိတ်မှုအပြီးမှာဘဲ ပြောင်းလဲသွားတဲ့ သူမရဲ့ ရုပ်ရည်ကြောင့် ဝမ်းနည်းပြီးငိုခဲ့ရပါတယ်။ သူမကိုယ်သူမ မကောင်းဆိုးဝါးတစ်ယောက်နှင့် တူတယ်လို့ ထင်ခဲ့ပါတယ်ဆိုပြီးပြောထားပါတယ်။ မင်းသမီး Han Groo ကတော့ သူမဟာ နှာခေါင်းကိုပြင်ခဲ့တယ်ဆိုပြီးပြောခဲ့ပါတယ်။ Plastic Surgery လုပ်တာဟာ ဂုဏ်ယူစရာမဟုတ်ပေမယ့် သူမအနေနှင့်လဲ ဖုံးကွယ်မထားချင်ပါဘူးလို့ပြောခဲ့ပါတယ်။

သူမခွဲစိတ်ပြီးမှာတော့ သူမပတ်ဝန်ကျင်က လူတော်တော်များများက မခွဲစိပ်ခင် မပြင်ခင်က ပိုပြီးကြည့်လို့ကောင်းတယ်ဆိုပြီးသူမကိုပြောခဲ့တဲ့အတွက်သူမနောင်တရခဲ့တယ်လို့ပြောပါတယ်။ Gummy ကတော့ သူမဟာ အစကတည်းက မည်သို့သော ခွဲစိတ်မှုမှ မပြုလုပ်ချင်ခဲ့သော်လည်း သူမရဲ့ အေဂျင်စီ က ဖိအားပေးခဲ့အတွက်ကြောင့် ပြုလုပ်ခဲ့ရသည့်အပြင်သူမရဲ့မျက်နှာနှင့် အောင်မြင်တဲ့ အမျိုးသမီးအဆိုတော်တစ်ယောက်ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲဆိုပြီး အပြောခံခဲ့ရပါတယ်။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။