မောင်းသူမဲ့လေယာဉ်တွေရဲ့ အန္တရာယ်နဲ့ပတ်သက်ပြီးတော့ ဗြိတိန် လေယာဉ်မှူးများ အဖွဲ့အစည်း (BALPA) က သတိပေးလိုက်တယ်လို့ abcnews မှာ ဖော်ပြထားပါတယ်။ 

တနင်္လာနေ့က ဂိတ်ဝစ်ခ် လေဆိပ်မှာ မောင်းသူမဲ့လေယာဉ်တစ်စီးတွေ့ရှိခဲ့တာကြောင့် လုံခြုံရေးအရ လေကြောင်းလိုင်းကို ယာယီ ရပ်နားခဲ့ပြီးတဲ့နောက်မှာတော့ (BALPA) ကအခုလို သတိပေးလိုက်တာပါ။ 

ဗြိတိန်နို်င်ငံမှာ ခရီးသည်တင်လေယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေ ဝင်တိုက်မယ့်ဖြစ်ရပ်မျိုးတွေ ရှိခဲ့သလို ဥပဒေအရ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လေဆိပ်နဲ့ လေယာဉ်ကွင်းတွေအနားမှာ မောင်းသူမဲ့ လေယာဉ်တွေ မောင်းနှင့်မှုကို ပိတ်ပင်ထားကြောင်းသတင်း မှဖော်ပြထားပါတယ်။

Aung 

သတင်းအရင်းမြစ် abcnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။