အခုနှစ်နွေရာသီက စတင်ပြီး ဝန်ဆောင်မှုတွေအတွက် စက်ရုပ်တွေကို တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ Japan Today သတင်းမှာ ဖော်ပြထားပါတယ်။ 

Troika အမည်ရှိ အဆိုပါ စက်ရုပ်တွေဟာ ခရီးသွားတွေကို ဂိတ်ပေါက်လမ်းညွှန်မှုတွေနဲ့ လေဆိပ်ကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ဆယ်ကျော်သက်က လေးငယ်တစ်ဦးရဲ့ အရွယ်အစားရှိတဲ့ Troika စက်ရုံတွေမှာ စမတ်ဖုန်းမျက်နှာပြင်ကျယ်တစ်ခုရှိပြီး မျက်နှာပြင်ပေါ်မှာတော့ လေကြောင်းဆိုင်ရာ သတင်းအချက်အလက်တွေ၊ လေဆိပ်မြေပုံနဲ့ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ 

ခရီးသည်တွေအနေနဲ့ သူတို့ရဲ့လက်မှတ်ကို စက်ရုပ်မှာ Scan ဖတ်လိုက်ရုံနဲ့ သွားလိုတဲ့ ဂိတ်ကို လိုက်ပါပို့ဆောင်ပေးမှာဖြစ်သလို စက်ရုပ်တွေကို LG လျှပ်စစ်ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Aung

သတင်းအရင်းမြစ် Japan Today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။