ဟာသဇာတ်ပို့သရုပ်ဆောင် ကိုပေါက်လို့ပြောလိုက်တာနဲ့ ပရိသတ်တွေထဲမှာ မသိသူမရှိသလောက်ရှားပြီး အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ဦးပါနော်။ သရုပ်ဆောင်အပြင် ကဗျာရေး၊ ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာ တစ်ယောက်လည်း ဖြစ်တာ​ကြောင့် အနုပညာအရည်အချင်း ပြည့်ဝသူတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံရသူပါ။ 

Photo credit - Aung Min Naing's Facebook Account

ကိုပေါက်က အမြဲပျော်ပျော်နေတတ်သူဖြစ်ပြီး အနုပညာရှင် ညီအစ်ကို မောင်နှမတွေနဲ့လည်း ရင်းနှီးချစ်ခင်စွာပြောဆိုဆက်ဆံတတ်သူပါ။ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝ​လေးကိုလည်း တည်ဆောက်ထားတဲ့ ကိုပေါက်က မကြာခဏဆိုသလို မိသားစု ကြည်နူးစရာပုံရိပ်လေးတွေကို ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။ ယနေ့မှာတော့ သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ဇနီးသည်နဲ့အတူ live ဗီဒီယိုလေးတစ်ခုကို တင်ပေးလာပါတယ်။

Photo credit - Aung Min Naing's Facebook Account

ဒါကတော့ တစ်ခြားပါတီတွေ အနိုင်ရဖို့ထက် အရေးကြီးဆုံးက မယားကြောက်ပါတီ အနိုင်ရဖို့ပဲလို့ ဇနီးသည်ကို ဘေးမှာထားပြီး စနောက်ထားတာပါ။ လက်သီးလက်မောင်းတန်းကာ အားရပါးရပြောလာတဲ့ ကိုပေါက်ရဲ့ ဟာသဗီဒီယိုဖိုင် က ကြည့်မိသူတိုင်း ရယ်မောသွားစေလောက်အောင် ဖြစ်မိမှာ အသေအချာပဲဖြစ်လို့ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Aung Min Naing's Facebook Account
Photo credit - Aung Min Naing's Facebook Account

Source & Photo credit - Aung Min Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။