အမိုက်စားကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုပဲ ဖြစ်ပါတယ်။ သူမကတော့ အမြဲလိုလို ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ ကြောင့်လည်း ပရိသတ်တွေက တစ်ခဲနက်ဝန်းရံအားပေးနေကြတာပဲ ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေနဲ့ ရင်းနှီးသူတွေက ချစ်စနိုးနဲ့ စူစူလို့ ခေါ်ကြတာကိုလည်း တွေ့ရပါတယ်။

Photo credit - Ei Chaw Po's FB account
Photo credit - Ei Chaw Po's FB account

စူစူရဲ့ သရုပ်ဆောင်ပညာတွေဟာလည်း တစ်ကားထက်တစ်ကား တိုးတက်ပီပြင်လာတာကြောင့်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ အဆက်မပြတ်ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ယခုလို Covidကာလမှာတောင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတဲ့ စူစူက အားလပ်ချိန်လေးတွေမှာ အလန်းစားပုံရိပ်လေးတွေနဲ့ Tiktok ဗီဒီယိုလေးတွေကို ရိုက်ကူးတင်ပေးလေ့ရှိတာကို တွေ့ရပါတယ်။

Photo credit - Ei Chaw Po's FB account
Photo credit - Ei Chaw Po's FB account

ယနေ့မှာလည်း စူစူက အိမ်ရှေ့ ဝရန်တာလေးမှာ အမိုက်စားပိုစ့်ပေးထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ သူမရဲ့ ဖွံ့ထားလှပတဲ့ ကောက်ကြောင်းအလှတွေပေါ်လွင်နေအောင် ဓာတ်ဖမ်းထားတဲ့ အလန်းစားပုံရိပ်တွေအပြင် " မင်းချစ်တယ်လို့ပြောတိုင်း ဒီကောင်မလေးပိုပိုလှလာပါစေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ...ပုရိသပရိသတ်တွေ ကြည့်ရှုပြီး ရင်ဖိုလှိုက်မောစေဖို့အတွက် အိချောပိုရဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်....... ။

Photo credit - Ei Chaw Po's FB account
Photo credit - Ei Chaw Po's FB account
Photo credit - Ei Chaw Po's FB account

Source & Photo credit - Ei Chaw Po's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။