ပရိသတ်ကြီးရေ အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာအလုပ်တွေကိုလုပ်ဆောင်လာခဲ့တာ နှစ်ပေါင်းမနည်းကြာမြင့်နေပါပြီနော်။ ထွန်းအိန္ဒြာဗိုလ်ကို ပရိသတ်တွေက ယနေ့အချိန်ထိတိုင်အားပေးချစ်ခင်နေကြဆဲဖြစ်ပြီး သူမရဲ့သီချင်းလေးတွေကိုလည်း နားထောင်နေကြဆဲပါ။ ထွန်းအိန္ဒြာဗိုလ်ရဲ့ အနုပညာစန်းကတော့ အခုချိန်ထိတောက်ပနေဆဲဖြစ်ပါတယ်နော်။

Photo credit - Htun Aeindra Bo's Facebook Account
Photo credit - Htun Aeindra Bo's Facebook Account

ထွန်းအိန္ဒြာဗိုလ်က ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး တစ်ဦးတည်းသောသားလေးကိုလည်း မွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပါတယ်နော်။ သားလေးကလည်း ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေတာဖြစ်ပြီး လိမ္မာရေးခြားရှိတဲ့သူဖြစ်လို့ ဖေဖေ မေမေတို့ရဲ့ အသည်းကျော်လေးပါနော်။ မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် သည်းသည်းလှုပ် အချစ်ပိုလေ့ရှိတဲ့ မေမေ ထွန်းအိန္ဒြာဗိုလ်က မကြာခဏဆိုသလို သားလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ပေးလေ့ရှိသူပါ ။ 

Photo credit - Htun Aeindra Bo's Facebook Account
Photo credit - Htun Aeindra Bo's Facebook Account

ယနေ့မှာလည်း သားလေး ဂေါက်သီးရိုက်အားကစားလေ့ကျင့်ရာနောက်ကို လိုက်ပါသွားတာဖြစ်ပြီး လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။ သားလေးကလည်း မေမေကို ပြန်လည်ဓာတ်ဖမ်းပေးတာဖြစ်လို့ ကြည်နူးစရာကောင်းလွန်းပါတယ်နော်။ ချစ်ပရိသတ်တွေလည်း ကြည့်ရှု အချစ်ပိုစေရန်အတွက် ထွန်းအိန္ဒြာဗိုလ်တို့ သားအမိနှစ်ယောက်ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်..... ။

Photo credit - Htun Aeindra Bo's Facebook Account
Photo credit - Htun Aeindra Bo's Facebook Account

Source & Photo credit - Htun Aeindra Bo's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။