ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် လိုပက်ဇ်ကိုထောင်မှလွှတ်ပေး

အကြမ်းဖက်မှုတွေဖြစ်အောင်လှုံ့ဆော်မှုတွေလုပ်ဆောင်တယ်ဆိုတဲ့စွဲချက်နဲ့ထောင် ၁၄နှစ်ချထားခြင်းခံရတဲ့ အတိုက်အခံခေါင်းဆောင် လီယိုပေါ်ဒိုအက်ဒွာဒိုလိုပက်ဇ်ကို အကျဉ်းထောင်ကနေလွှတ်ပေးဖို့တရားရုံးကဆုံဖြတ်ချက်ကို သမ္မတနီကိုလက်မက်ဒူရိုကချီးကျူးလိုက်ပါတယ်

ဗင်နီဇွဲလားရဲ့အတိုက်အခံခေါင်းဆောင်ကို စစ်အကျဉ်းထောင်၌ ၃နှစ်ကျော်ကြာထိန်းသိမ်းထားပြီး စနေနေ့မနက်မှာနေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ချထားလိုက်တာပါ အစိုးရအနေနဲ့သူ့ကိုငြိမ်းချမ်းရေးသတင်းစကားပါးလိုက်ပြီး အမျိုးသားရင်ကြားစေ့ရေးကြိုးပမ်းဖို့ သမ္မတမက်ဒူရိုကတိုက်တွန်းပြောဆိုလိုက်ပါတယ်

မစ္စတာလိုပက်ဇ်ဟာအိမ်ပြန်ရောက်ပြီးနာရီပိုင်းအကြာမှာပဲ အစိုးရကိုဆက်လက်ပြီးဆန္ဒပြဖို့လူထုကိုတိုက်တွန်းလိုက်ပါတယ်

သတင်းအရင်းမြစ် BBC news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။