သရုပ်ဆောင် ခေးဆက်သွင်ကတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးတဲ့ အနုပညာရှင်တစ်ယောက်ပါနော်။ သူမက Forever group က ရိုက်ကူးတင်ဆက်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သူဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားသူပါ။
လတ်တလောမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ကိုင်နေတာဖြစ်ပြီး ပရိသတ်တွေအတွက် အသစ်အသစ်သော အနုပညာဖန်တီးမှုတွေကို ချပြလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် သူမ အားလပ်တဲ့အချိန်လေးတွေမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် Tiktok ဆော့ကစားလေ့ရှိတာဖြစ်ပြီး အလန်းစားပုံရိပ်လေးတွေကိုလည်း ရိုက်ကူးတင်ပေးလေ့ရှိသူပါ။
ယနေ့မှာလည်း ခေးက သူမရဲ့ ဖေ့ဘွတ်အကောင့်မှာ အနက်ရောင် ကြိုးတစ်လုံးဂါဝန်ရှည်လေးကို ဝတ်ဆင်ထားပြီး ရင်သပ်ရှုမောစရာကောင်းလောက်အောင် ရိုက်ကူးထားတဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ကြည့်မိသူတိုင်း ရင်ကို ထိမိသွားစေလောက်တဲ့ ပုံလေးတွေအပြင် " တစ်ရှိုက်တစ်မက် အလွမ်းသက်သက်သာ " ဆိုတဲ့ ကဗျာဆန်ဆန်စာသာလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။
Source & Photo credit - Khay Sett Thwin's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။