ကွန်ကာကဖ်ဒေသတွေရဲ့Gold Cup 2017

အမေရိကန်ကအိမ်ရှင်လုပ်ကျင်းပတဲ့ ကွန်ကာကဖ်ဒေသနိုင်ငံများဖလားGold Cup 2017ဟာစနေ့ကစတင်ခဲ့ပြီဖြစ်ပါတယ်

အုပ်စုအေရဲ့အဖွင့်ပွဲစဉ်တွေမှာ ကော်စတာရီကာအသင်းကဟွန်းဒူးရပ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီး ကနေဒါအသင်းက ပြင်သစ်ဂွီယာနာအသင်းကိုလေးဂိုးနှစ်ဂိုးနဲ့အနိုင်ယူပြီး အုပ်စုအေကိုဦးဆောင်လိုက်ပါတယ် တနင်္ဂနွေမနက်အစောပိုင်းမှာကစားခဲ့တဲ့အုပ်စုဘီရဲ့အဖွင့်ပွဲစဉ်တွေမှာ အိမ်ရှင်အမေရိကန်အသင်းဟာပနားမားအသင်းနဲ့တဖက်တစ်ဂိုးစီသရေကျခဲ့ပြီး မာတီးနစ်အသင်းကနီကာရာဂွါအသင်းကိုနှစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရကာအုပ်စုကိုဦးဆောင်ထားပါတယ်

တနင်္လာနေ့မနက်အစောပိုင်းမှာတော့ဂျာမေကာအသင်းနှင့ဂြါတီမာလာအသင်း  မက္ကဆီကိုအသင်းနှင့်အယ်ဆာဗေးဒိုးအသင်းတို့ဆက်လက်ယှဉ်ပြိုင်သွားမှာပါ

သတင်းအရင်းမြစ် 2017 Gold Cup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။