ပရိသတ်ကြီးရေ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို ကဗျာ ၊ ဇာတ်ညွန်းရေးတဲ့ ဒါရိုက်တာ ကိုပေါက် ကိုတော့ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ ကိုပေါက် ကတော့ အနုပညာလောကထဲကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းပြီး ပရိသတ်ရဲ့ရင်ထဲမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားလုပ်ကိုင်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်း ဒီထပ်မကပိုမိုအောင်မြင်မှုတွေရရှိအောင် ကြိုးစားနေတဲ့ ကိုပေါက် ကတော့ လက်ရှိမှာ အလွန်ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

Photo credit - Aung Min Naing's Facebook Account

သူရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ ဇာတ်ကားကောင်းတွေပဲဖြစ်ပါတယ်။ ကိုပေါက်က မကြာခဏဆိုသလို ပရိသတ်တွေအတွက် ရယ်စရာကောင်းလောက်တဲ့ ဟာသ tik tok ဗီဒီယိုလေးကို အမြဲဖော်ပြလေ့ရှိပါတယ်။ ယခုတစ်မှာလည်း ကိုပေါက် က ပရိသတ်တွေအတွက် ဟာသ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo credit - Aung Min Naing's Facebook Account

ဒါကတော့ ကိုပေါက်က ဂစ်တာလေးကိုင်ကာ ဟိုးအရင်က နာမည်ကြီး သီချင်းကို ဆိုနေခဲ့ပြီး ချစ်သူလေးရဲ့အပြန်အလှန်သီဆိုမှုကြောင့် အံသြသွားခဲ့တဲ့ ဗီဒီယိုလေးပါ။ ကြည့်မိသူတွေလည်း ရယ်မောသွားစေမိမှာ အသေအချာပဲဖြစ်လို့ ချစ်ပရိသတ်တွေရဲ့ ဘဝအမောတွေပြေပျောက်သွားစေဖို့အတွက် ကိုပေါက်ရဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်။ 

Photo credit - Aung Min Naing's Facebook Account

Source & Photo credit - Aung Min Naing's Facebook Account

@aungminnaing425

မျိုချမယ်တဲ့ ဒုက္ခပဲ

မူရင်းအသံ - NayYake884

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။