နာမည်ကြီးမော်ဒယ် သန္တာလှိုင်ဟာ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်နှင့် အတူ သူမရဲ့ ပြောဆိုပြုမူနေထိုင်ပုံတွေကြောင့် လူအများရဲ့ လေးစားမှု အတုယူမှု တွေကို ခံနေရတဲ့ သူတစ်ဦး ပါ။ သူမရဲ့ မိသားစုဘဝ ကို အမြဲ ပွင့်ပွင့် လင်းလင်းပြောပြပြီး ကိုယ့် စတိုင်နှင့် ကိုယ် နေတတ်တဲ့ သူမဟာ အမျိုးသမီး တော်တော် များများရဲ့ inspiration အယူခံရသော စံပြပုဂ္ဂိုလ် အနေနှင့် ရပ်တည်နေတယ်ဆိုရင်လဲ မမှားပါဘူး။ သန္တာလှိုင်ဟာ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေ အပြင် T-workshop ဆိုတဲ့ gym ကိုလည်း ကိုယ်ပိုင်စီးပွားရေး အနေနှင့် ပြုလုပ်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမတစ်ယောက်တည်း သူမရဲ့ သားနှင့် သမီးကို မိဘမေတ္တာအပြည့်နှင့် ထိန်းကျောင်းနေတဲ့ သူမ အတွက်တော့ အချစ်ဆိုတာ အသက်ကြီးလာတဲ့ အတွက် သိပ်ပြီးဦးစား မပေးဖြစ်တော့ဘူးလို့ပြောပါတယ်။ အသက်ကြီးလာတော့ အချစ်ထက် မရှိမဖြစ်လိုအပ်တာက ကိုယ်နှင့် ရင်ဘောင်တန်းပြီးလက်တွဲဖော်ကအများကြီးကို အရေးကြီးမှန် ပိုပြီး သဘောပေါက်လာတယ်လို့လဲပြောပါတယ်။ ယခုအချိန်မှာတော့ သူမရဲ့ လက်တွဲဖော်ကို ရှာတွေ့နေပြီဖြစ်ပြီး သူမရဲ့ လက်တွဲဖော် က တော့ ၂၀၁၆ ခုနှစ်ကစပြီး သူမရဲ့ Image Consultant အနေနှင့် ဘေးနားမှာရှိနေခဲ့တဲ့ သူဖြစ်တယ်လို့ပြောပါတယ်။

သူမရဲ့ life partner ဟာ သူမဘေးမှာရှိနေခဲ့တာ ယခုဆိုရင် ၂နှစ်ရှိပြီလို့ပြောပါတယ်။ သူမအနေနှင့် ရှေ့ဆက်ပြီး ဒီလို နေရာမျိုးမှာ single မိန်းကလေး တစ်ယောက်အနေနှင့် လက်မထပ်ဘဲ အကြာကြီး တွဲထားဖို့ဆိုတာ အမျိုးသမီး လူငယ်လေးတွေ အတုယူမယ့် အမျိုးသမီး တစ်ယောက်အနေနှင့် မသင့်တော်ဘူးယူဆတဲ့ အတွက်ကြောင့် သူတို့ မကြာခင်လက်ထပ်တော့မှာဖြစ်ပြီး နှစ်ဖက်မိဘချင်းလဲ စကားပြောပြီး သဘောတူထားပြီးပါပြီ ဝါကျွတ်ရင် လက်ထပ်မယ်လို့ စီစဉ်ထားပြီးပြီဟု ပြောခဲ့ပါတယ်။

Source : Myanmar People Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။