သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဆိုင်းမိုင်ဆိုတဲ့ဇာတ်ရုပ်လေးနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးခဲ့တဲ့ ပိုးကြာဖြူခင်က အောင်မြင်မှုတွေကိုလည်း တစ်ခုပြီးတစ်ခု ရရှိလာခဲ့တာ ဖြစ်ပါတယ် ။ သရုပ်ဆောင်တော်တဲ့ ပိုးကြာဖြူခင်က ပရိသတ်တွေရဲ့အသိအမှတ်ပြု အားပေးခြင်းကိုခံထားရပြီး အနုပညာလောကမှာ နေရာရနေတာလည်း ဖြစ်ပါတယ် ။

Photo credit - Poe Kyar Phyu Khin's Facebook Account
Photo credit - Poe Kyar Phyu Khin's Facebook Account

ယခုလို Covid ကာလမှာတောင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာဖြစ်ပြီး ယနေ့မှာလည်း ရိုက်ကွင်းထက်က အလှပုံရိပ်လေးတွေကို ဝေမျှလာပြန်ပါတယ်။ ပုံလေးတွေအပြင် ရှုတင်အားလပ်ချိန်လေးမှာ အပျော်ဆော့ကစားထားတဲ့ Tiktok ဗီဒီယိုလေးကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo credit - Poe Kyar Phyu Khin's Facebook Account

ပိုးကြာဖြူခင်က ရိုးရိုးယဥ်ယဥ်မြန်မာဝတ်စုံလေးကို ကျက်သရေရှိစွာ ဝတ်ဆင်ထားပြီး သီချင်းအေးအေးလေးတွေနဲ့ ဆော့ကစားထားတာပါ။ ကဲ...ချစ်ပရိသတ်တွေလည်း ဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။ ဒါ့အပြင် မင်းသမီး ပိုးကြာဖြူခင်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေ အားပေးကြမယ်မလား....... ။

Photo credit - Poe Kyar Phyu Khin's Facebook Account
Photo credit - Poe Kyar Phyu Khin's Facebook Account

Source & Photo credit - Poe Kyar Phyu Khin's Facebook Account 

@sengmei

original sound - Soe Lin Naing
@sengmei

original sound - Pan Hsu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။