Director မိုက်ကယ်ဘေးနှင့်အတူ ဝုန်းဒိုင်း ဝုန်းဒိုင်း Transformers ရုပ်ရှင်ကားကြီးပြန်လာပါပြီ။ ရုပ်ရှင်ရိုက်ရင် ပေါက်ကွဲခန်းတွေ နေဝင်ချိန်လေးတွေ ငယ်ငယ်ချောချော အသားညိုညိုမိန်းကလေးတွေ ပါအောင်ရိုက်လေ့ရှိတဲ့ မိုက်ကယ်ဘေးတစ်ယောက် ယခု Transformers: The Last Knight ထုံးစံအတိုင်း ဝုန်းဒိုင်းကြဲထားပါတယ်။ 

ဇာတ်လမ်းအကျဉ်း (Spoilers Warning)

ရှေးက အင်္ဂလန်အမှောင်ခေတ်ကြီးမှာ အာသာဘုရင်တစ်ယောက် သူ့သူရဲကောင်းတွေနှင့်အတူ ရန်သူတွေရဲ့တိုက်ခိုက်မှုကို အလူးအလဲခံနေရကာ အမတ်ကြီးဖြစ်သူ မှော်ပညာရှင် မာလင်ကို အကူညီတောင်းခံထွက်ခိုင်းရာ မာလင်တစ်ယောက် ကမ္ဘာပေါ်မှာ ပုန်းနေတဲ့ Transformers ၁၂ယောက်ထံမှ နည်းပညာမြင့် တောင်ဝှေးတစ်ချောင်းရရှိကာ ရန်သူတွေကိုနှင်ထုတ်နိုင်ခဲ့ပါတယ်။ ယခုခေတ်မှာတော့ Autobots တွေရဲ့ခေါင်းဆောင် Optimus Prime တစ်ယောက် ကမ္ဘာပေါ်ကနေပျောက်ဆုံးသွားပြီး အစိုးရကလည်း Transformers တွေကိုလိုက်လံတိုက်ခိုက်နေရာ…

သုံးသပ်ချက်

Transformers ရုပ်ရှင်ဇာတ်လမ်းတွေရဲ့ ၅ကားမြောက်ဖြစ်တဲ့ Transformers: The Last Knight ကို ဒါရိုက်တာ မိုက်ကယ်ဘေးက ရိုက်ကူးကာ နာမည်ကျော်မင်းသား မက်ခ်ဝဲဘတ်ကခေါင်းဆောာင်ပါဝင်ထားကာ Paramount Pictures ကဖြန့်ချိထားတာပါ။ ဒီကားမှာ အရင် Transformers 4 ထဲက ဇာတ်ကောင်တေါပြန်ပါလာသလို Decepticon စက်ရုပ်သစ်တွေနှင့် နာမည်ကျော် Autobot တစ်ယောက်ဖြစ်တဲ့ Hot Rod လဲပါဝင်လာပါတယ်။ ပေါက်ခွဲခန်းတွေဆက်တိုက်တွေ့ရသလို စကားပြောခန်းတွေဆိုလဲ ဆက်တိုက်လာတဲ့ Transformers: The Last Knight ကတော့ တစ်ယောက်နှင့်တစ်ယောက်အကြိုက်ချင်းမတူနိုင်သလို အများအားဖြင့် အနှုတ်ရမှတ်တွေပဲရရှိထားပေမယ့် သင့်ကိုတော့ ဖော်ဖြေမှုပေးနိုင်မှာပါ။

Ratings

IMDb – 5.3/10

Rotten Tomatoes – 15 %

Metacritic – 28%

Myanmarload – 4.3/5

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။