ခုလက်ရှိကမ္ဘာမှာ အကြီးဆုံးတိရစ္ဆာန်တွေက ဘာကောင်တွေဖြစ်မယ်လို့သင်ထင်လဲ။ ဆင်လား ဝေလငါးလား မဟုတ်ပါဘူး။ ပြောချင်တာကတော့ ပုံမှန်ရှိရမှာထက်ကြီးနေတဲ့ တိရစ္ဆာန်တွေကို ပြောနေတာပါ။ တော်တော်ကို ကြီးမားလွန်လှတဲ့ကောင်တွေ ဘယ်လိုတောင်ဖြစ်လာတာပါလိမ့်.... မျိုးရိုးဗီဇ တွေ ဆဲလ်တွေကြီးထွားလာလို့များလား။ကမ္ဘာပေါ်မှာ ပုံမှန်ထက်ကြီးမားနေတဲ့ နံပါတ်၁တိရစ္ဆာန်ကတော့ Australia အနောက်ပိုင်းမှာရှိတဲ့ လယ်ကွင်းထဲက Knickers the cow ဆိုတဲ့ နွားကြီးပဲဖြစ်ပါတယ်။ သူရဲ့အလေးချိန်ဟာဆိုရင် ပေါင်၃၀၈၀ ရှိပြီး အမြင့်ဟာဆိုရင်တော့ ၆ပေ၄လက်မ ရှိပါတယ်။ 

တော်တော်ကိုကြီးမားတဲ့အကေင်ပါ။ သူကို သီးခြားမထားပဲ တခြားနွားများလိုပဲ အတူတူထားရှိထားပါတယ်၊ ပုံမှန်ထက်ကြီးတဲ့ တိရစ္ဆာန်တွေထဲမှာ သူတစ်ကောင်ထဲမဟုတ်ပါဘူး။ နံပါတ်၂ကတော့ Mystery chicken ဆိုတဲ့ကြက်ဖပါဗျာ။ သူကိုတော့မနှစ်က Video တစ်ခုမှာတွေ့ရှိခဲ့တာပါ။ကြက်ဖတစ်ကောင်အနေနဲ့တော့ ကြီးပါတယ်။ နံပါတ်၃ကတော့ Samson the mighty Maine Coon ဆိုတဲ့ ကြောင်ပဲဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂၈ပေါင်းရှိပြီး အရှည်ကတော့ ၄ပေရှိပြီး instagram မှာ follower 180,000 ရှိပါတယ်။ နံပါတ်၄ကတော့ Darius the rabbit ဆိုတဲ့ယုန်ဖြစ်ပါတယ်။ သူဟာ ၄ပေ၄လက်မ အရှည်ရှိပြီး တစ်နှစ်ကို မုန်လာဥ ၂၀၀၀နဲ့ ပန်းသီးအလုံး ၇၀၀စားပါတယ်။ 

နံပါတ်၅ကတော့ ရှည့်ပဲဖြစ်ပါတယ်။ သူကိုတော့ Marina van der Linden ဆိုတဲ့ ဓာတ်ပုံဆရာက ရိုက်ကူးခဲ့တာပါ။ နံပါတ်၆ကတော့ Sting ray(အဆိပ်ဆူးပါ ငါးလိပ်ကျောက်) ပဲဖြစ်ပါတယ်။ အရှည်ကတော့ ၁၄ပေရှိပြီး အလေးချိန်ကတော့ ပေါင်၈၀၀ ရှိပါတယ်။နံပါတ်၇ ကတော့ Bopper the dog ပဲဖြစ်ပါတယ်။ သူရဲ့အလေးချိန်ကတော့ 27kg ရှိပါတယ်။ နောက်ဆုံးတိရစ္ဆာန်ကတော့ Lolong the crocodile(ရေငံ မိကျောင်း) ပဲဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်အငယ်ငယ်က သေဆုံးခဲ့ပြီး အရှည်က၂၁ပေရှိပါတယ်။ ဒီတိရစ္ဆာန်တွေကတော့ ကမ္ဘာပေါ်က အကြီးဆုံး တိရစ္ဆာန်တွေပဲ ဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။