ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့သူတွေကတော့ လူတွေအပြင် တိရစ္ဆာန်တွေလဲရှိသလို တခြားအရာတွေဖြစ်တဲ့ နာနာဘာဝတို့ မကောင်းတဲ့နတ်ဆိုးတွေလဲ ရှိကြပါတယ်။ ထိုနာနာဘာဝတို့ နတ်ဆိုးတို့ကိုသင်မမြင်ရပေမဲ့ သူတို့က သင့်ကိုမြင်နိုင်ပြီ သူတို့ကမြင်စေချင်ရင် သင်မြင်ရပါလိမ့်မယ်။ အာ့ကြောင့်လဲ Photo တွေ Story တွေ Video တွေ ရှိနေခဲ့တာပေါ့ဗျာ။ခုဖြစ်စဉ်ကတော့ USA, Indiana မြို့မှာနေထိုင်တဲ့ Ammons ဆိုတဲ့မိသားစုတစ်စုမှာဖြစ်ပေးခဲ့တာပါ။ 

ဖြစ်ပုံကတော့ ၇နှစ်အရွယ်ရှိတဲ့ကောင်လေးက မကောင်းဆိုးဝါးရဲ့ဝင်ပူးချင်းကိုခံရပြီ နံရံပေါ်မှာ နောက်ပြန်လမ်းလျှောက်ကာ လက်တွေကလဲ တုန်ခါနေခဲ့ပါတယ်။ ထို့သိုမဖြစ်ခင်မှာ ပါးစပ်ကနေ မကောင်းဆိုးဝါးအသံနဲ့ စကားတွေပြောလျက်ရှိပြီး သူပြောတာကတော့ “ငါသတ်ဖို့လာခဲ့တာ” ဆိုပြီပဲဖြစ်ပါတယ်။ အဲ့ချိန်မှာ သူ့ရဲ့အဖွားဟာ “နင်ကငါ့မြေးမဟုတ်ဘူး နင်ဟာမကောင်းဆိုးဝါးပဲ” လို့ပြောလိုက်ပြီးနောက်မှာ သူရဲ့မြေးဟာ သူ့ကို မကောင်းဆိုးဝါးအပြုံးနဲ့ပြုံးပြခဲ့ပြီး နံရံပေါ်ကိုနောက်ပြန်လမ်းလျှောက်ခဲ့ပါတယ်။ ထို့အခါမှာတော့ အဲ့ကောင်လေးကိုလူတွေက အတင်းဆွဲခေါ်ကာ ဆေးရုံးသိုခေါ်သွားချိန်မှာ မကောင်းဆိုးဝါးဟာပျောက်ကွယ်သွားခဲ့ပါတယ်။  

ထို့အကြောင်းကို Ghost Adventure Star တစ်ယောက်ဖြစ်တဲ့ Zak Bagans ကစုံစမ်းရာ သူတို့မိသားစုက မကောင်းဆိုးဝါး ၂၀၀ ကျော်ရှိတဲ့အိမ်ကို မှားဝယ်ခဲ့မိကြောင်း ပြောပြခဲ့ပါတယ်။ ထို့အကြောင်းကိုလဲ တုန်လန့်ခြောက်ခြားဖွယ်ရာ စိတ်ကူးယဉ်ဆိုင်တဲ့ Documentary ရိုက်ကူးခဲ့ပါတယ်။ ထိုအဖြစ်ဆိုး ဖြစ်ခဲ့တဲ့အချိန်ကတော့ October 13 ည ၁၀နာရီကျော်ကျော်လောက်မှာဖြစ်ပွားခဲ့ပါတယ်။ ထို documentary ကိုရိုက်ကူးနေတဲ့အချိန်မှာလည်း ထူးဆန်းမှုတွေ များစွာဖြစ်ခဲ့ပါတယ်။သင်သာဆိုရင်ရော အဲ့လိုအိမ်ဝယ်ခဲ့မိရင်ဘာလုပ်မှာလဲ…..။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။