ယနေ့ခေတ်မှာ သီချင်းဆိုတယ် ဆိုတာက လူငယ်တွေနဲ့ မကင်းလွတ်နိုင်တဲ့ အရာတစ်ခုလို့တောင် ပြောလို့ရနေပါပြီ။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဖြစ်ဖြစ်၊ ပျော်ပွဲရွှင်ပွဲမှာပဲဖြစ်ဖြစ်၊ ဂုဏ်ပြုပွဲတွေမှာပဲဖြစ်ဖြစ် သီချင်းဆိုခြင်းကို ပြုလုပ်လေ့ရှိကြပါတယ်။ ပျော်ရွှင်လို့ သီချင်းဆိုတယ်။ ဝမ်းနည်းလို့ သီချင်းဆိုတယ်။ …. ဘာကြောင့်ပဲ သီချင်းဆိုခြင်းမျိုးဖြစ်ပါစေ.. သင့်အတွက် အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

၁။ စိတ်သောကများကို လျော့ချပေးခြင်း။

စိတ်ညစ်နေတဲ့အချိန် သီချင်းဆိုလိုက်ခြင်းက စိတ်သက်သာမှုကို လျော့စေပါတယ်။ စသီဆိုချိန်မှာတော့ သီချင်းအပေါ်မှာ စိတ်ဝင်မှု အားနည်းနိုင်ပေမဲ့ သီချင်းသီဆိုနေရင်း သီချင်းအပေါ် စိတ်ရောက်သွားပြီး စိတ်ညစ်စရာများကိုတောင် မေ့သွားနိုင်ပါတယ်။

၂။ သွေးဖိအား လျော့ချပေးခြင်း

သီချင်းဆိုခြင်းက သွေးဖိအားကို လျော့ချပေးတာကြောင့် သွေးတိုး ရောဂါဖြစ်နိုင်ချေ ကျဆင်းစေပါတယ်။ သီချင်းဆိုခြင်းဖြင့် ကျန်းမာရေးကို အထောက်အပံ့ပေးတယ်ဆိုတာကို မမေ့ကြနဲ့နော်။

၃။ ကိုယ်ခံအား ကောင်းစေခြင်း

သီချင်းဆိုခြင်းသည်လည်း အသံ အားကစားတစ်ခုဖြစ်ပါသည်။ သီချင်းဆိုလေ့ ရှိသူများက အမောခံနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။

၄။ အဆုတ်ကျန်းမာစေခြင်း

သီချင်းများစွာသီဆိုခြင်ဖြင့် အသက်ရှုအား ကောင်းစေပါသည်။ ထို့ကြောင့် အဆုတ် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

၅။ စည်းချက်မှန်မှန် လှုပ်ရှားမှု ကောင်းမွန်ခြင်း

သီချင်းစာသားအလိုက်ဖြစ်စေ၊ သံစဉ်အလိုက်ဖြစ်စေ သီချင်းဆိုနေရင်းနဲ့ပဲ ကိုယ်ရော စိတ်ပါ စည်းချက်မှန်မှန် လှုပ်ရှားတတ်လာပါတယ်။ ခဏ ခဏ အလေ့အကျင့် ရှိသူများဆိုရင် ပညာရပ်တစ်ခုအနေနဲ့ ကျွမ်းကျင်သွားကြပြီး အသက်မွေးဝမ်းကြောင်းအနေနဲ့တောင် အောင်မြင်သွားကြပါတယ်။

၆။ သင်ယူလေ့လာမှု အားကောင်းစေခြင်း

ကိုယ်ဆိုချင်တဲ့ သီချင်း၊ ကိုယ်ကြိုက်တဲ့ သီချင်းကို သံစဉ်အလိုက် ဆိုနိုင်ဖို့အတွက်၊ သီချင်းစာသားလေ့လာဖို့အတွက် လေ့ကျင့်ရပါတယ်။ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် သင်ယူရပါတယ်။ ဒီလို လေ့ကျင့်ပါများပြီး လေ့လာသင်ယူမှု အားကောင်းစေပါတယ်။ အထူးသဖြင့် ကလေးများ၊ လူငယ်များအနေဖြင့် သီချင်းဆိုခြင်းမှတစ်ဆင့် လေ့လာသင့်ယူမှုအား ပိုပို ကောင်းမွန်စေပါတယ်။

၇။ မှတ်ဉာဏ်များ ပိုမိုကောင်းမွန်ခြင်း

လေ့လာသင်ယူမှုအားကောင်းတာနဲ့အမျှ မှတ်ဉာဏ်များလည်း ပိုမို ကောင်းမွန်စေပါတယ်။ မှတ်ဉာဏ်အား တိုးတက်ခြင်းကလည်း အနာဂတ် ဘဝအတွက် အထောက်အပံ့များစွာ ပေးနိုင်တာမို့ မှတ်ဉာဏ်အား ကောင်းဖို့ လိုအပ်ပါတယ်။

၈။ လူမှုဆက်ဆံရေး တိုးတက်လာခြင်း

သီချင်းအတူတူ ဆိုဖူးတဲ့ သူငယ်ချင်းတွေနဲ့ မဆိုဘူးတဲ့ သူငယ်ချင်းတွေ ယှဉ်ရင် ခင်မင်မှု အတိုင်းအတာက အနည်းငယ်တော့ ကွာမှာပါ။ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ချစ်သူ … စသည်ဖြင့် သီချင်းအတူတူဆိုခြင်းဖြင့် ချစ်ခင်ရင်းနှီးမှု အတိုင်းအတာက အရင်ကထက် ပိုမိုခိုင်မာလာပါတယ်။ ကိုယ့် အသံကောင်းခြင်း၊ သူ့ အသံကောင်းခြင်း … စတာတွေကို သတိမထားမိဘဲ ပျော်ပျော်ရွှင်ရွှင် သီချင်းအတူတူဆိုခြင်းဖြင့် လူမှုဆက်ဆံရေး တိုးတက်လာပါတယ်။

၉။ စိတ်ချမ်းသာခြင်း

သီချင်းသီဆိုနေချိန်မှာ လက်ရှိ အခက်အခဲတွေ၊ ရင်ဆိုင်ရမဲ့ အခက်အခဲတွေ၊ ဖြေရှင်းခဲ့ရတဲ့ အခက်တွေ … ဘာမှ မတွေးဖြစ်ဘဲ သီချင်းအပေါ်ပဲ အာရုံရောက်နေတာကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။

သီချင်းဆိုခြင်းဖြင့် အကျိုးကျေးဇူးများစွာ ပိုင်ဆိုင်နိုင်ကြပါစေ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။