ပရိသတ်ကြီးရေ သရုပ်ဆောင် ချမ်းမီမီကိုကတော့ Single mother တစ်ယောက်ဖြစ်ပြီး သားလေးကို ပြုစုစောင့်ရှောက်ရင်း ဘဝကို အရှုံးမပေးပဲ ဖြတ်သန်းနေတဲ့ သူတစ်ယောက်ပါ။ ဟိုးအရင်ကတည်းက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ သူမက အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတာပါ။ မကြာသေးမီအချိန်ကမှ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ သူမကို ပရိသတ်တွေက ဝမ်းမြောက်ဝမ်းသာကြိုဆိုကြတာကိုလည်း တွေ့ရပါတယ်။

Photo credit - Chan Mi Mi Ko's Facebook account
Photo credit - Chan Mi Mi Ko's Facebook account

ချမ်းမီမီကိုက လက်ရှိမှာ အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာ​လေးတွေကို လက်ခံရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်အချစ်ကို ပြန်လည်ရရှိဖို့အတွက် အားလပ်ချိန်လေးတွေမှာ အလှဓာတ်ပုံလေးတွေနဲ့Tiktok ဗီဒီယိုလေးတွေကို ဆော့ကစားလေ့ရှိတာကို တွေ့ရပါတယ်။ ချမ်းမီက ယနေ့မှာတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ သားသားလေးကို ဆုံးမတဲ့ စာသားလေးတစ်ချို့ကို တင်ပေးလာခဲ့ပါတယ်။

Photo credit - Chan Mi Mi Ko's Facebook account
Photo credit - Chan Mi Mi Ko's Facebook account

ဒါကတော့ " Baby လေးကို ပြောမိသော စကားလေးအချို့ ကောင်းတဲ့ အကျင့် အပြုအမှုဆိုတာသူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး လေ့ကျင့်ယူရတယ် သားရဲ့ တစ်ခါတခါ ကိုယ်မသိလိုက်တဲ့ ကောင်းမကောင်း ကိုယ့်အမူအကျင့်တစ်ခုက ထပ်ခါ ထပ်ခါ နှလုံးသွင်းရင်း လုပ်မိတတ်တာရှိတယ် သတိထားပါ သားရယ် " ဆိုပြီး မေတ္တာစိတ်အပြည့်နဲ့ ဆုံးမ လာတာဖြစ်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်..... ။

Photo credit - Chan Mi Mi Ko's Facebook account

Source & Photo credit - Chan Mi Mi Ko's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။