စစ်စခန်းတစ်ခုအတွင်း အသေခံကားဗုံးဖောက်ခွဲပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် စစ်သည်(၂၀)ကျော် သေဆုံးသွားတယ်လို့ ABC Newsသတင်းမှာဖော်ပြထားပါတယ်။
အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်က အယ် ဘာ့ဂျ် ရွာရှိ စစ်စခန်းတစ်ခုရဲ့ ဝင်ပေါက်ကို အသေခံကားဗုံးဖောက်ခွဲခဲ့ပြီး စစ်စခန်းအတွင်းကို ဝင်ရောက်ပြီးနောက်ပိုင်းသေနတ်တွေနဲ့ ပစ်ခတ်ကာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်စစ်သည်တွေဟာ ဆိုင်းနိုင်းကျွန်းဆွယ်ရှိ IS စစ်သွေးကြွတွေရဲ့ တည်နေရာတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်သွေးကြွတွေရဲ့ ဝန်ခံမှုထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Aung
သတင်းအရင်းမြစ် ABC News
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။