ခရီးသွားများကိုစွဲဆောင်ရာ လန်ဒန်မြို့ရှိ Camden lock market၌မီးလောင်

လန်ဒန်မြို့ရှိ Camden lock marketမှာမီးလောင်နေပြီး အခင်းဖြစ်ရာနေရာသို့မီးသတ်သမားရဝနှင့်မီးသတ်စက်ကြီး၁ဝခုရောက်ရှိငြိမ်းသတ်နေပါတယ် ဒီနေရာဟာခရီးသွားတွေကိုစွဲဆောင်တဲ့နေရာတခုလည်းဖြစ်ပါတယ် လို့လနဒန်မြို့မီးသတ်အဖွဲ့ကပြောပါတယ်

ထိခိုက်ဒဏ်ရာရသူတွေနဲ့ပျက်စီးမှုတန်ဖိုးကိုမဖော်ပြနိုင်သေးပါဘူး အဆောက်ဦးရဲ့ ပထမထပ် ဒုတိယထပ် တတိယထပ် ထိကြမ်းပြင်နဲ့အမိုးတွေဟာမီးလောင်ပျက်စီးနေပြီဖြစ်ပြီး အနီးနားဝန်းကျင်ကအဆောက်ဦးတွေဆီမီးမကူးအောင်မီးသတ်သမားတွေဟာကြိုးစာထိန်းချုပ်နေပါတယ်လို့ station manager ဖြစ်သူ David reidကပြောပါတယ်

မီးသတ်အရာရှိတွေပြောပြချက်အရ မြေညီထပ်ရှိ Honest Burger Restaurantကနေစတင်ပြီးမီးစလောင်တာဖြစ်တယ်လို့ bbcရဲ့လန်ဒန်အခြေစိုက်ရေဒီယိုသတင်းထောက်ဖော်ပြပါတယ်

သတင်းအရင်းမြစ် bbc breaking news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။