မိန်းကလေးတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်ခံယူချက်ပုံစံမျိုးစုံနဲ့ အချစ်ကို မသိမသာကော၊ သိသိသာသာကော အဓိပ္ပါယ်ဖွင့်ဆိုခံယူထားတတ်ကြပါတယ်။

ကတိသစ္စာ

တစ်ချို့ကောင်မလေးတွေအတွက်ကတော့ ထူးထူးခြားခြား ဘာမှ မလိုအပ်ပါဘူး။ ကတိစကားက လွဲရင်ပေါ့။ သူတို့ကတော့ ဘာလက်ဆောင်မှ မပေးလည်း ကျေနပ်ပါတယ်။ Romantic မဆန်လည်း ကျေနပ်ပါတယ်။ သို့သော် သူ့တို့ကို ပေးထားတဲ့ ကတိစကားတွေ မဖောက်ဖျက်သရွေ့ သင့်အပေါ် ချစ်ခြင်းမေတ္တာ ပျက်ပြယ်သွားဖို့ မရှိပါဘူး။ ဒီတော့ သူတို့အတွက်ကတော့ အချစ်ဆိုတာ ကတိသစ္စာပါပဲ။

နွေးထွေးယုယမှု

တစ်ချို့ကျတော့ ဘယ်လောက်ပဲ ပါးစပ်က ချစ်ပါတယ်ပြောပြော သူတို့ကို နွေးထွေးယုယမှု မပေးနိုင်ရင် ဘယ်လိုမှ အဆင်မပြေကြပါဘူး။ သူတို့လိုချင်တာက သူတို့ ဝမ်းနည်းသည်ဖြစ်စေ၊ ဝမ်းသာသည်ဖြစ်စေ သူတို့ကို နွေးနွေးထွေးထွေး ပွေ့ဖက်ပေးဖို့၊ ကြင်နာစွာဆုပ်ကိုင်နှစ်သိမ့်ပေးဖို့ပါပဲ။ ဒီလိုကောင်မလေးတွေအတွက်ကတော့ အချစ်ဆိုတာ နွေးထွေးယုယမှုပေါ့လေ။

လက်ဆောင်

အချစ်ဆိုတာ လက်ဆောင်ဆိုတဲ့ကောင်မလေးတွေလည်း ရှိနေပါသေးတယ်။ သူတို့ကို Surprise Gift တွေ လုပ်ပေးနေတာကို ကြိုက်တယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ် တစ်ခုခုအကြောင်းပြပြီး လက်ဆောင်တောင်းတတ်တယ်။ လက်ဆောင်ဆိုတဲ့နေရာမှ စျေးကြီးတယ်၊ စျေးများတယ် မဟုတ်ပဲ သစ်ရွက်ကလေးကို ချစ်လက်ဆောင်လို့ ဆိုရင်တောင် ပျော်ပျော်ကြီး လက်ခံမယ့်လူမျိုးပါ။

အချိန်ပေးမှု

ဒီလိုကောင်မလေးမျိုးကတော့ LDRS နဲ့တော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ သူတို့ကို အချိန်ပေးရမယ်။ ဘယ်သွားသွားလိုက်မယ်။ တပူးတွဲတွဲနဲ့ သွားအတူစားအတူနေမယ်။ အဲဒီလိုမှ သူတို့ကို အချိန်မပေးနို်င်ဘူးဆိုရင်တော့ သူတို့အတွက် ပျော်စရာ Relationship ဖြစ်မလာနိုင်ပါဘူးနော်။ သူတို့အတွက် အချစ်ဆိုတာ အချိန်ပေးမှုပါပဲ။

အလေးပေးမှု

အလေးပေးမှုကို လိုအပ်တဲ့ မိန်းကလေးတွေလည်း ရှိပါသေးတယ်။ ကားပေါ်တက်ရင် တံခါးလေးဖွင့်ပေးဦးမှ။ ဒါမှမဟုတ်ရင် စိတ်ကောက်သွားပါလိမ့်မယ်။ ညဘက်ပဲဖြစ်ဖြစ်၊ မနက်စောစောစီးစီးပဲဖြစ်ဖြစ် ဗိုက်ဆာတယ်ဆိုတဲ့ Status လေးတင်ထားရင်တောင် စားစရာတွေ ချစ်သူကို လာပို့စေချင်ကြသူတွေပါပဲ။ ဒါမျိုးကျတော့ အချစ်ဆိုတာ အလေးထားမှုဖြစ်သွားပြန်ရောပေါ့နော်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။