ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတဲ့ မိုဆူးမြို့သိမ်းတိုက်ပွဲ အောင်နို်င်မှုကို စစ်သွေးကြွတစ်ယောက်မကျန် တိုက်ထုတ်ပြီးမှာကြေညာသွားမယ်လို့အီရတ်ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ထားရှိကြောင်း Sky News Australia မှာဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလက စတင်လုပ်ဆောင်ခဲ့တာမိုဆူးမြို့အတွင်း အီရတ်အစိုးရတပ်ဖွဲ့တွေနဲ့ IS စစ်သွေးကြွတွေကြား ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ပိုမိုမြင့်လာခဲ့တာပါ။

ကျန်ရှိနေသေးတဲ့ စစ်သွေးကြွ တွေကိုလည်း ဝန်းရံပိတ်ဆို့ထားတဲ့အတွက် အောင်ပွဲဟာ သေချာနေပြီလို့ ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ

ပါရှိပါတယ်။

Aung

သတင်းအရင်းမြစ် Sky News Australia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။