ဖေ့ဘွတ်ကုမ္ပဏီဝန်ထမ်းတွေအတွက် ဆီလီကွန်တောင်ကြားအတွင်း ကိုယ်ပိုင်မြို့တစ်မြို့ ကို ဖေ့စ်ဘွစ်ကုမ္ပဏီက တည်ဆောက်ပေးဖို့ စီစဉ်နေတယ်လို့ Sputnik International သတင်းမှာဖော်ပြထားပါတယ်။

တည်ဆောက်ရန်စီစဉ်ထားရှိတဲ့ မြို့အတွင်းစျေးဝယ်စင်တာ၊ ဆေးခန်း၊ ဟိုတယ်အပါအဝင် လိုအပ်မှုဆိုင်ရာ အဆောက်အအုံတွေထည့်သွင်း တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်ဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေအတွက် ဘေးကင်းလုံခြုံစွာ မြို့ထဲ သွားလာနိုင်ဖို့အတွက်လည်း အလေးပေးစီစဉ်သွားဖွယ်ရှိပါတယ်။

အိမ်ခြေ(၁၅၀၀)လောက် ထားရှိမယ့် အဆိုပါမြို့ကို Facetown လို့ ခေါ်တွင်ဖို့ အမည်ထွက် နေပေမဲ့လည်း တရားဝင် အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။

Aung

သတင်းအရင်းမြစ် : Sputnik International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။