တရုတ်ကိုထိုင်ဝမ်အဖြစ်မှားယွင်းဖော်ပြမှုအတွက်အမေရိကန်တောင်းပန်

အိမ်ဖြူတော်ကထုတ်ပြန်တဲ့ကြေငြာချက်တခုမှာတရုတ်သမ္မတရှီကျင့်ဖျင့်ကို People Republic Of Chinaတရုတ်ပြည်သူ့သမ္မတနိုင်ငံတော် သမ္မတဟုဖော်ပြရမည့်အစား Republic Of Chinaတရုတ်သမ္မတနိုင်ငံတော်သမ္မတလို့မှားယွင်းဖော်ပြခဲ့တာပါ အဲဒီအတွက်အမေရိကန်အရာရှိတွေကတောင်းပန်လိုက်ကြောင်းတရုတ်နိုင်ငံကပြောပါတယ်

တရုတ်မှခွဲထွက်ပြီး ပြန်လည်ပေါင်းစည်းဖို့စောင့်ဆိုင်းနေတဲ့ထိုင်ဝမ်ကိုတရုတ်သမ္မတနိုင်ငံလို့ခေါ်ပါတယ်

အခုလိုမှားယွင်းမှုကိုတောင်းပန်ကြောင်း အမှားပြင်ဆင်ချက်ကိုပြုလုပ်ပြီးကြောင်းအမေရိကန်ဘက်ကအကြောင်းကြားခဲ့တယ်လို့ တနင်္လာနေ့ကလုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်Geng Shuangကပြောပါတယ်

ပြီးခဲ့တဲ့သတင်းပတ်က ဂျာမနီနိုင်ငံဟမ်းဘတ်မြို့မှာပြုလုပ်တဲ့G20ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတထရမ့်နဲ့သမ္မတရှီတို့တွေ့ဆုံခဲ့တဲ့အကြောင်းအရာတွေကိုသမ္မတအိမ်ဖြူတော်ကသတင်းထုတ်ပြန်စဉ်မှာမှားယွင်းဖော်ပြခဲ့တာဖြစ်ပါတယ်

သတင်းအရင်းမြစ် VOA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။