ပရိသတ်ကြီးရေ.. ပိုင်တံခွန်လို့ ဆိုလိုက်တာနဲ့ တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုတွေရှိလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ မင်းသားချောလေး တစ်ဦးကို ပြေးမြင်မိမှာပါနော်..။

မိန်းကလေးပရိသတ်တွေ အများဆုံးရရှိထားပြီး မြန်မာပရိသတ်တွေအပြင် ထိုင်းမလေးတွေရဲ့ တစ်ခဲနက်အချစ်တွေကိုပါ သိမ်းပိုက်ထားတဲ့ ပိုင်တံခွန်ဟာ တိရိစ္ဆာန်လေးတွေအပေါ်လည်း ချစ်ခင်ကြင်နာတတ်သူပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

အမိုက်စားပုံရိပ်လေးတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ ပိုင်တံခွန်ကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာလည်း လိုအပ်နေတဲ့နေရာလေးတွေကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက် အနှိုင်းမဲ့မေတ္တာ လူမှုကယ်ဆယ်ရေးအသင်းမှာ အလှူငွေ(၅)သိန်း လှူဒါန်းခဲ့တာဖြစ်ပြီး ပီတိဖြစ်စရာအလှူလေးကိုလည်း ပိုင်တံခွန်က ပရိသတ်တွေကိုလည်း မျှဝေထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

"လူတွေရဲ့အခက်အခဲတွေ အမြန်ဆုံးပြေလည်ပါစေ အနှိုင်းမဲ့မေတ္တာ လူမျုကယ်ဆယ်ရေးအတွက် အလှူငွေပါ.." ဆိုပြီး သူ့ရဲ့ပီတိဖြစ်စရာ အလှူလေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကလည်း အလှူအတန်းတွေမှာ လက်မနှေးတဲ့ ပိုင်တံခွန်ရဲ့ မွန်မြတ်တဲ့စိတ်ထားစေတနာ အလှူလေးကိုလည်း သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

Source & Photo Credit - Paing Takhon's Fb Acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။