အသက် ၃၂နှစ်အရွယ် ယောကျ်ားတစ်ယောက်ဟာဆိုရင် ဆေးရုံကို အပြေးအလွှားရောက်ရှိလို့လာခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ သူ့ရဲ့ အင်္ဂါကို သေနတ်နဲ့ပစ်ပြီး ရောက်ရှိလာခဲ့ကြောင်းကို ရဲတွေက ပြောပြခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ လူတွေဟာ ကိုယ့်ကိုကို သေကြောင်းကြံမယ်လို့တွေးခဲ့ရင်တောင် ဘယ်သူမှ အဲ့လိုမျိုးလုပ်ဖို့ မတွေးကြလောက်ပါဘူး။ အဲ့လူက ဘယ်လိုစိတ်ကူးပေါက်ပြီး လုပ်ခဲ့ရတာပါလိမ့်.....။ 

ဗုဒ္ဓဟူးနေ့တုန်းက တရားခံဖြစ်သူ Peter Jacobsson ရဲ့အိတ်ကပ်ထဲကနေ 22-caliber သေနတ်ကျခဲ့ပါတယ်။ အဲ့ကျသွားတဲသေနတ်ဟာ မြေပြင်နဲ့ထိမိပြီး ပစ်မိကာ သူရဲ့ အင်္ဂါကို လာထိခဲ့ခြင်းဖြစ်ပါတယ်လို့ စုံစမ်းသူတွေက ကောက်ချက်ချခဲ့ပါတယ်။ အဲ့လိုအဖြစ်မျိုးဟာ ဖြစ်တောက်ဖြစ်ခဲ့ကာ အဲံလူတော့ တော်တော်ကိုခံစားခဲ့ရမှာပဲ....။သူဟာခုချိန်မှာတော့ ဆေးရုံးမှာ ဆေးကုသမှုခံနေလျက်ရှိကာ သက်သာလို့လာပြီဖြစ်ပါတယ်။ 

အသက်မဆုံးရှုံးရတာ တော်တော်လေးကို ကံကောင်းတယ်လို့ပြောရမှာပါပဲ။ ရဲတွေက သူဟာ အဲ့လမ်းကို ဘာမှမကောင်းကြံပဲ ပုံမှန်အတိုင်းပဲ လမ်းလျှောက်လာတာဖြစ်ပြီး ကံဆိုးစွာ အိတ်ထဲကနေ သေနတ်ပြုတ်ကျကာ ခုလိုဖြစ်တယ်ဆိုတာကို ယုံကြည့်ခဲ့ပါတယ်။ ဒါပေမဲ့လဲ သေနတ်ကိုင်ဆောင်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးလျက်ရှိနေပါသေးတယ်။ သူလိုပဲနောက်တစ်ယောက်ဖြစ်တဲ့ အသက် ၄၆နှစ်ရှိ Mark Anthony Jones ဟာဆိုရင်လဲ March လမှာ မထင်မှတ်ပဲ သေနတ်ပြုတ်ကျခဲ့ကာ သူ့ရဲ့အင်္ဂါကို သေနတ်ကျည်ဆံထိခဲ့မိတဲ့အတွက် ဆေးရုံကို အသည်းအသန်း ရောက်လာခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။