အာဖရိကနိုင်ငံအချိုဟာ ဖွံ့ဖြိုးမှုအားနည်းလျှက်ရှိပြီး နိုင်ငံရဲ့ဆင်းရဲမှုကြောင့် အသွားအလာ၊အနေအထိုင်၊အစားအသောက် ကို အဆင်ပြေသလို ဘဝကိုရုန်းကန်ဖြတ်သန်းလေ့ရှိကြပါတယ်။
သူတို့ရဲ့ နေ့တဓူဝ ဖြတ်သန်းနေရတဲ့ ကိစ္စတွေဟာ မဖွံ့ဖြိုးသေးတဲ့အတွက် သနားစလို့ထင်ကြရပေမယ့် တစ်ဖက်မှာလည်း သူတို့ရဲ့ဒီလိုဖြတ်သန်းမှုတွေဟာ အခြားနိုင်ငံက လူတွေအတွက်တော့ အံ့သြလောက်စရာပါပဲ။
ယခုမြင်တွေ့နေရတဲ့ ပုံတွေထဲက တစ်ပုံမှာဆိုရင်လည်း ကားကြီးတစ်စီးပေါ်မှာ ကုန်ပစ္စည်းတွေအပြည့်တင်ပြီး အပေါ်မှာလူတွေတတ်ထိုင်နေကြပါတယ်။ကားကတော့ ဘယ်လောက်တန်ချိန်ခံနိုင်လဲတော့ မသိပေမယ့် ကုန်ပစ္စည်းတွေနဲ့လူတွေကတော့ ကားပါမြုပ်သွားအောင်များပြားပါတယ်။
နောက်တစ်ပုံမှာဆိုရင်လည်း မိချောင်းကိုဆိုင်ကယ်ပေါ်တင်ပြီးအပေါ်ကခွစီးလာတာဟာ မြင်တဲ့လူအံသြရလောက်အောင်ပါပဲ။အန္တရယ်လဲ အရမ်းများပါတယ်။အခန့်မသင့်လို မိချောင်းကရုန်းလိုက်ရင်ဆိုင်ကယ်ပါမှောက်မှာပါ။
တခြားဓာတ်ပုံတွေထဲမှာဆိုရင်လည်း မြင်တွေ့ရသူတိုင်း ရယ်ချင်စရာကောင်းလောက်အောင် ကြံကြံဖန်ဖန်လုပ်ထားတာကိုတွေ့ရမှာပါ။
ဒါပေမယ့် သူတို့ရဲ့ စိတ်ကူးနဲ့ ပေါက်ပေါက်ရှာရှာဖန်တီးတတ်ပုံတွေကတော့ တကယ်ကို ရယ်ရခက် ငိုရခက်ပါပဲ။
Source - elitereaders
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။