မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာဖြစ်ပါတယ် ။ အပြစ်ပြောစရာမရှိအောင် ချောမောလှပတဲ့မင်းသမီးလေးက ဖက်ရှင်ကျသူလေးတစ်ဦးလည်းဖြစ်ပြန်ပါတယ် ။ အချိုးအစားကျနတဲ့ ကိုယ်လုံးလေးနဲ့ သူမဝတ်သမျှက ပွဲတိုင်းမှာ ထင်ပေါ်နေတာကြောင့် မိန်းကလေးပရိသတ်တွေ အားကျနှစ်သက်နေရတဲ့ မင်းသမီးချောလေးတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : Soe Pyae Thazin Facebook Account
Photo Credit : Soe Pyae Thazin Facebook Account

စိုးပြည့်သဇင်ကတော့ ရုပ်ရည်လေးက ချောမောလှပသလို အသံလေးကလည်း သာယာချိုမြလွန်းသူလေး ဖြစ်ပါတယ်။ အချိန်တွေအကြာကြီး ပရိသတ်အားပေးမှုရရှိထားတဲ့ စိုးပြည့်သဇင်က အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်စေရန် သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုအမြဲဖော်ပြလေ့ရှိတာဖြစ်ပါတယ် ။

Photo Credit : Soe Pyae Thazin Facebook Account
Photo Credit : Soe Pyae Thazin Facebook Account

လတ်တလောမှာလည်း ဒီဇင်ဘာလအစလေးမှာပဲ သားအမိနှစ်ယောက်လုံး ထီဆုတစ်သိန်းကိုယ်စီ ပေါက်ခဲ့ကြောင်းလေးကို "ပျော်စရာဒီဇင်ဘာ(၁)ရက်နေ့လေး စိုးပြည့်ထိုးထားတဲ့ထီတစ်သိန်းဆုပေါက်တယ်...မေမေကလည်းတစ်သိန်းဆုပေါက်တယ်....Happy Lucky day" ဆိုတဲ့စာလေးကိုဖော်ပြထားရာပရိသတ်ကြီးလည်းကြည့်ရှုနိူင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Photo Credit : Soe Pyae Thazin Facebook Account
Photo Credit : Soe Pyae Thazin Facebook Account

Source & Photo Credit : Soe Pyae Thazin Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။