အကယ်ဒမီမြင့်မြတ်ကတော့ အကြမ်းအနု ဇာတ်စုံကို တိကျပိုင်နိုင်စွာသရုပ်ဆောင်တတ်တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုကို တခဲနက်ရရှိထားတဲ့ မင်းသားချောပဲဖြစ်ပါတယ်။ မြင့်မြတ်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့မှန်မှန်သာလုပ်ဆောင်နေပြီး မိသားစုကို အချိန်ပေးကာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူပဲဖြစ်ပါတယ်....။

Photo credit - Myat Thu's Facebook Page
Photo credit - Myat Thu's Facebook Page

မြင့်မြတ်က မိန်းမအပေါ်မှာလည်း အလိုလိုက်ချစ်ခင်မှုအပြည့်အဝပေးပြီး သူနဲ့တူတဲ့ သားချောလေး မြတ်သူကိုလည်း သေချာပြုစုစောင့်ရှောက်နေတာဖြစ်လို့ ပရိသတ်တွေကလည်း သဘောကျနှစ်သက်နေကြတာပဲဖြစ်ပါတယ်.။ သားလေးကို ရင်နဲ့မကွာ သေချာ ပြုစုပျိုးထောင်နေတဲ့ ဖေဖေ မြင့်မြတ်က ဘယ်သွားသွား ခေါ်သွားလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

Photo credit - Myat Thu's Facebook Page
Photo credit - Myat Thu's Facebook Page

ယနေ့မှာတော့ သားသားလေး မြတ်သူကို စျေးဝယ်သွားချိန်မှာ ခေါ်သွားတာဖြစ်ပြီး စတိုင်အပြည့်နဲ့ ဆင်ပေးထားတာလည်း ဖြစ်ပါတယ်။ သားလေး မြတ်သူက ခပ်မိုက်မိုက် ဖက်ရှင်လေးနဲ့ ဖေဖေ မြင့်မြတ် အရှုံးပေးရလောက်အောင် ပိုစ့်ပေးနေတာဖြစ်လို့ မြင့်မြတ်တစ်ယောက် အသည်းယားနေမိမှာ အသေအချာပါပဲ။ ကဲ ချစ်ပရိသတ်တွေလည်း ကြည့်ရှုစေရန်အတွက် ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Myat Thu's Facebook Page
Photo credit - Myat Thu's Facebook Page
Photo credit - Myat Thu's Facebook Page

Source & Photo credit - Myat Thu's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။