ချစ်ရတဲ့ ပရိသတ်ကြီးရေ ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့လေးကတော့ သရုပ်ဆောင် မင်းသား ဝေဠုကျော် ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုကြီး ဘဝနဲ့ အရိုးထုတ်နေတဲ့ ဝေဠုကျော်ရဲ့ မွေးနေ့လေးမှာ အနုပညာလောကမှ ညီအစ်ကိုတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် မင်းသား နေထူးနိုင်က ဆုတောင်းစကားလေးပြောပေးလာခဲ့ပါတယ်။

Photo credit - Nay Htoo Naing's Facebook Account
Photo credit - Nay Htoo Naing's Facebook Account

နေထူးနိုင်က သူရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ဝေဠုကျော်နဲ့အတူ နှစ်ယောက်ပုံလေးတွေကို တင်ပေးလာပါ။ ပုံလေးတွေအပြင် နေထူးနိုင်က " Happy Birthday ပါ ကို​ဝေ လူပျိုကြီးဘဝ ကအမြန်ကျွတ်ပါစေ လိုရာဆန္ဒ​တွေလဲပြည့်ပါ​စေ " ဆိုပြီး စနောက်ကာ ဆုတောင်းစကားပြောလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Nay Htoo Naing's Facebook Account

အနုပညာလောကရဲ့ သူငယ်ချင်း ညီအစ်ကိုတွေဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ အမှတ်တရပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကလည်း သရုပ်ဆောင် ဝေဠုကျော်ကို မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်နော်။ ကဲ... ပရိသတ်တွေကလည်း သရုပ်ဆောင် နေထူးနိုင်နဲ့ ဝေဠုကျော်တို့ နှစ်ယောက်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်အားပေးလိုက်ကြပါအုန်းနော်....။

Photo credit - Nay Htoo Naing's Facebook Account
Photo credit - Nay Htoo Naing's Facebook Account

Source & Photo credit - Nay Htoo Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။