Kpop Idol တွေဟာ ပရိတ်သတ်တွေ ရဲ့ အချစ်တော်တွေပါ ။ ရူးသွပ်တဲ့ပရိတ်သတ်များလေလေ အောင်မြင်လေပေါ့ ။

သို့ပေမယ့် အောင်မြင်မှုရဲ့ နောက်ကွယ်မှာသူတို့ရင်ဆိုင်ခဲ့ရတဲ့ ကြောက်စရာဖြစ်ရပ်တွေလည်းရှိနေပါတယ် ။

အလွန်ရူးသွပ်တဲ့ အစွန်းရောက် Fan တွေက သူတို့ရဲ့ Idol တွေကို ဘယ်လို ထိခိုက်အောင်လုပ်ခဲ့လဲဆိုတဲ့ ဖြစ်ရပ်တွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ် ။

၁ ။ လျို ့ဝှက်ကင်မရာတွေလာတပ်ဆင်ထားခြင်း

လျို ့ဝှက်ကင်မရာတွေလာတပ်တာက လွယ်တော့မလွယ်ကူလှပါဘူး ။ သို့ပေမယ့် Sasaeng Fan တစ်ချို ့ကတော့လုပ်ခဲ့ပါတယ် ။ သနားဖို့ကောင်းတဲ့ JYJ အဖွဲ့ဝင် Yoochun နဲ့ EXO member ဟောင်း Tao တို့ကတော့ လျို ့ဝှက်ကင်မရာတွေ အသံဖမ်းစက်တွေကို သူတို့ရဲ့နေထိုင်ရာအဆောက်အဦးကားပါကင် နဲ့ အခန်းအပြင်တွေမှာ လာတပ်ဆင်ခံခဲ့ရဖူးပါတယ် ။  

၂ ။ ကား အက်ဆီးဒန့် ဖြစ်ခြင်း

Idol တွေရဲ့ ကားနောက်ကို Sasaeng Fan တွေက Taxi တွေ ကိုယ်ပိုင်ကားတွေနဲ့ တောက်လျှောက်လိုက်နေတာကြောင့် ကား အက်ဆီးဒန့် ဖြစ်ခဲ့ရတဲ့ Idol တွေလဲရှိပါတယ် ။ Big Bang ရဲ့ Seungri, Super Junior ရဲ့ Heechul နဲ့ Leeteuk တို့ဟာ ထိုကဲ့သို့ ကားအက်ဆီးဒန့် များဖြစ်ပွားခဲ့ဖူးပါတယ် ။ 

၃ ။ ပြန်ပေးဆွဲခံရခြင်း

ကြောက်ဖို့ကောင်းတဲ့ အလုပ်မို့ မလုပ်လောက်ဘူးလို့တော့မထင်ပါနဲ့ ။ Sasaeng Fan တွေ တကယ်လုပ်ခဲ့ဖူးပါတယ် ။ အငယ် မင်းသမီးလေး Kim Yoo Jung ကိုကျောင်းအပြန်မှာ Sasaeng Fan တစ်ယောက်ဟာ သူမရဲ့ ဦးလေး ဟန်ဆောင်ပြီးလာခဲ့ဖူးတယ်လို့ မင်းသမီးကဆိုပါတယ် ။ Girls' Generation အဖွဲ့က Jessica ဟာဆိုရင်လည်း နောက်ကလိုက်လာပြီး အိမ်တံခါးလော့မချနိုင်ခင် အတင်းတိုး အိမ်ထဲဝင်ဖို့ကြိုးစားခဲ့တဲ့ သူနဲ့ကြုံခဲ့ရဖူးပါတယ် ။

အဖွဲ့နဲ့ ဖျော်ဖြေနေစဉ်မှာ လူတစ်ယောက်က စင်ပေါ်တက်လာပြီး လက်ဆွဲခေါ်ဆောင်သွားခြင်းခံရဖူးပါတယ် ။ EXO အဖွဲ့ဝင်များဆိုရင်လည်း သူတို့ရဲ့ Company ကကားနဲ့ တူတဲ့ကားကိုဝယ်ပြီး တစ်ဖွဲ့လုံးကားပေါ်တက်အောင် ကြိုးပမ်းခြင်းခံခဲ့ရဖူးပါတယ် ။ ဒီလိုဖြစ်ရပ်တွေထဲမှာ Girls' Generation ရဲ့ Taeyeon အဖြစ်ကိုလည်းမေ့ထားလို့မရပါဘူး ။ သူမဆို စင်ပေါ်မှာ အဖွဲ့နဲ့ ဖျော်ဖြေနေရင်း လူတစ်ယောက်ရဲ့ လက်ဆွဲပြီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ် ။

၄ ။ အကောင့်ဟက်ခြင်း

Idol ရဲ့ Personal Account ကိုဟက်ပြီး သူတို့ရဲ့ ဘဝကို ဝင်ရောက်စွက်ဖက်ကြတာပါ ။ Super Junior က Siwon နဲ့ f(x) က Amber တို့ဟာ ဟက်ကာ Fan ရဲ့ သားကောင်ဖြစ်ခဲ့ရဖူးပါတယ် ။ Fan တစ်ယောက်ဆို Super Junior Eunhyuk ရဲ့ Twitter ကိုဖောက်ထွင်းပြီး ညစ်ညမ်းပုံတွေကိုတင်တဲ့အထိလုပ်ခဲ့ပါတယ် ။ 

၅ ။ ကိုယ်ထိလက်ရောက်လုပ်ခြင်း

sasaeng fan တွေဟာသူတို့ချစ်တဲ့ Idol တွေကို ကိုယ်ထိလက်ရောက်မလုပ်လောက်ဘူးလို့ သင်ထင်ရင်တော့ မှားသွားပါလိမ့်မယ် ။ သနားစရာ JYJ အဖွဲ့က Yoochun ဟာ Fan မိန်းကလေးတစ်ယောက်ရဲ့ ပါးရိုက်ခြင်းကိုခံခဲ့ရဖူးပါတယ် ။ လူတွေအများကြီးထဲသူမကိုမှတ်မိနေအောင်လို့ပါ ။ T-ara ရဲ့ Jiyeon

ဟာလည်း ကားထဲအဝင်မှာ Fan တစ်ယောက်ရဲ့ ဆံပင်ဆောင့်ဆွဲခြင်းကိုခံခဲ့ရပါတယ် ။

၆ ။ ရုပ်ဖျက်ပြီးပုန်းနေခြင်း

တရုတ် မိန်းကလေးပရိတ်သတ်တစ်ဦးဟာ ဆံပင်တွေညှပ် ၊ မုတ်ဆိတ်တွေကပ်ပြီး အမျိုးသားအိမ်သာထဲကနေပုန်းကွယ်စောင့်နေခဲ့ဖူးပါတယ် ။

EXO အဖွဲ့ဝင်တွေ ဝင်လာတဲ့ အချိန်မှာ လက်မှတ်ထိုးပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ် ။

၇ ။ Idol ရဲ့ အိမ်ထဲဝင်ပုန်းနေခြင်း

CCTV camera တပ်ဆင်နေတဲ့ အချိန်ကိုအခွင့်ကောင်းယူပြီး အိမ်ထဲဝင်ပုန်းတဲ့ ပရိတ်သတ်မျိုးလဲရှိပါတယ် ။ CNBLUE, EXO, JYJ နဲ့ Super Junior တင်မကဘဲ အခြားသောနာမည်ကြီး Idol တွေဟာ သူတို့ရဲ့ privacy ကိုချိုးဖောက်ခြင်းခံခဲ့ရတဲ့ဖြစ်ရပ်တွေအများအပြားကြုံခဲ့ရဖူးပါတယ် ။ အိမ်ထဲခိုးဝင် အသုံးအဆောင်ပစ္စည်းတွေခိုးပြီး ညစ်ပါတ်တဲ့အရာတွေပါချန်ခဲ့တာမျိုး သူတို့လုပ်ဆောင်ကြပါတယ် ။ G-Dragon ဆို ဒီလို Fan မျိုးတွေကို သူ့အိမ်ပါတ်ဝန်းကျင်မှာမကြာခဏ ဖမ်းမိတာမို့ လူမှုကွန်ယက်မှာတောင် " ကျေးဇူးပြုပြီးမလုပ်ပါနဲ့ ။ ငါ့ရဲ့ အမေနဲ့ ညီမလေးကိုပါ ထိတ်လန့်အောင်မင်းတို့လုပ်မိနေပါပြီ " လို့ စာတင်ပြောရတဲ့ထိတောင်ဖြစ်ပါတယ် ။

၈ ။ ကိိုယ့်ကိုယ်ကို ဓါးနဲ့လှီးခြင်း ၊ သွေးကိုအသုံးပြုခြင်း

Fan တစ်ချို့ဟာသူတို့ရဲ့ Idol သတိပြုမိလာစေဖို့ သွေးကိုအသုံးပြုတဲ့ နည်းလမ်းတွေကိုလည်း သုံးတတ်ပါတယ် ။

EXO ရဲ့ "Overdose" သီချင်းမထွက်ခင်မှာ Fan Girl တစ်ယောက်ဟာ လက်ဖျံကိုဓါးနဲ့ မွှန်းပြီး "I Love EXO" လို့ခပ်နက်နက်ထွင်းပြီး လူမှုကွန်ယက်တင်ခဲ့ပါတယ် ။ အခြားသောမိန်းကလေးတစ်ယောက်ဆိုရင်လည်း သူမရဲ့ ရာသီသွေးကိုအသုံးပြုကာ 2PM ရဲ့ Taecyeon ဆီကို စာတစ်စောင်ရေးပို့ခဲ့ပါသေးတယ် ။

နောက်ပိုင်းမှာ သူမဟာ sasaeng fan တစ်ယောက်မဟုတ်ပါဘူးလို့ ပြန်လည်တောင်းပန်ခဲ့ပါတယ် ။

၉ ။ သတ်သေမယ်လို့ခြိမ်းခြောက်ခြင်း

Idol တွေဟာ သူတို့ကိုသတ်မယ်လို့ပဲခြိမ်းခြောက်ခြင်းခံရတာမဟုတ်ပါဘူး ။ Big Bang က G-Dragon Fan တစ်ယောက်ဟာ သွေးစက်တွေစွန်းပေနေတဲ့ စာတစ်စောင်ကိုရေးပြီး GD သာ သူမကို ဂရုမပြု ပြန်မချစ်ပါက သူမကိုယ်သူမသတ်သေမယ်လို့ဆိုခဲ့တာပါ ။

ပရိတ်သတ်ချစ်တဲ့ Idol ဖြစ်ရတာလည်းမလွယ်ကူလှပါဘူး ။ ခက်ခဲတဲ့ အရာတွေ သူတို့ရင်ဆိုင်ခဲ့ကြရတယ်ဆိုတာ ဒီဖြစ်ရပ်တွေကနေ သက်သေပြနေတာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။