"Legend Of The Blue Sea" ဆိုတဲ့ ရေသူမလေးနဲ့ လူသားတို့ကြားက အချစ်ဇာတ်လမ်း

Kdrama ပရိသတ်တော်တော်များများကတော့ ဒီကားလေးအကြောင်းသိကြမယ်လို့ထင်ပါတယ်။ ဒီကားဟာဆိုရင်လည်း မထွက်ခင် စရိုက်ကတည်းကနာမည်ကြီးနေတဲ့ကားလေးပါ။ ဒါပေမယ့် ဒီကားနဲ့ပတ်သတ်လို့ ပရိသတ်တွေမသိသေးတဲ့ အကြောင်းအရာလေးတွေကိုပြောပြပေးချင်ပါတယ်။

ဒီကားမှာ မင်းသား Lee Min Ho နဲ့ မင်းသမီး Jeon Ji Hyun တို့ခေါင်းဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းဟာဆိုရင် ဂျိုဆွန်းခေတ်နဲ့ ယခုခေတ် နှစ်မျိုးလုံးပါဝင်ပါတယ်။ ဂျိုဆွန်းခေတ် မျိုးရိုးမြင့်က ဆင်းသက်လာတဲ့ မင်းသားလေး တစ်ယောက် ငါးဖမ်းထွက်ရာကနေ မမျှော်လင့်ပဲ ရေသူမလေးကို ဖမ်းမိခဲ့ပါတယ်။ မသတ်ပဲပြန်လွှတ်ရာကနေ နှစ်ဦးသား ချစ်ကြိုက်မိပါတော့တယ်။ ယခုခေတ်မှာဆိုရင် 420ဖြစ်တဲ့မင်းသားနဲ့ အတိတ်ကရေသူမလေးတို့ ပြန်တွေ့ရာကနေ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါဦးလို့ နိုဝင်ဘာ ၁၆ ရက်နေ့မှာစတင်ထုတ်လွှင်မှာဖြစ်ပါတယ် ဒီကားဟာဆို မင်းသား lee min ho စစ်မှုမထမ်းခင်ရိုက်မယ့် နောက်ဆုံး drama ဖြစ်ပါတယ် lee min ho fan တွေ ဆိုကြည့်ကိုကြည့်သင့်ပါတယ်။ စစ်မှုထမ်းရင် သုံးနှစ်ကြီးများတောင်ဆိုတော့ ဒါလေးနဲ့အလွမ်းဖြေကြပေါ့။ မင်းသမီးအနေနဲ့ကလည်း ကလေးမွေးပြီး ပထမဆုံး စသရုပ်ဆောင်တဲ့ drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Source: International Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။