အနုပညာလောကမှာ နှစ် ၂၀ ကျော်ကြာ ကျင်လည်ခဲ့ပြီး အနုပညာသားတိုင်း လိုချင်ကြတဲ့ အကယ်ဒမီဆုကိုလည်း ဆွတ်ခူးရရှိထားသူဖြစ်တဲ့ မခင်ဇာခြည်ကျော်ကတော့ လတ်တလောမှာ လူမှုကွန်ယက်မှတဆင့် ဝေဖန်မှုတွေခံနေရပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး single mom အနေနဲ့ ဖြတ်သန်းလာတဲ့ သူမရဲ့ လက်တွဲဖော်ရွေးချယ်မှုအပေါ် ဝေဖန်မှုတွေထွက်ပေါ်နေပြီး မခင်ဇာခြည်ကျော်ကတော့ ယခုလို ပြန်ပြောထားပါတယ်။

"ဝေဖန်မှုတွေအပေါ်မှာတော့ အမအများကြီးရှင်းမပြချင်တော့ဘူး။ အမကိုပေါ့နော် မကြီးမငယ်နဲ့ ဒီအရွယ်ကျမှ သွေးဆုံးနေပြီ ဒီအဖွားကြီးကလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ဒါကတော့ လူအမျိုးမျိုးစိတ်အထွေထွေပေါ့။ ဒါပေမဲ့ ခင်ဇာခြည်ကျော်ဆိုတာ အမရဲ့သက်တမ်းမှာ အသက်နဲ့ပတ်သတ်လာရင်လည်းတစ်ခါမှ မလိမ်ခဲ့ဖူးပါဘူး။ အမ ၁၅ နှစ်သမီးနဲ့ ဒီလောကထဲကို ဝင်ရောက်ခဲ့တယ်။ အမအခု ၄၁ နှစ် ဒီလောကထဲကို ရောက်နေတာ အမ ၂၃ နှစ်ရှိပါပြီ။ အကယ်ဒမီတစ်ခုလည်း ရထားပြီးပြီ။ ဒါကြောင်းမို့ အမအနေနဲ့ အတွေ့အကြုံတွေရော ဘဝအခက်အခဲတွေရော အများကြီးပါပဲ။ အဲ့ဒီအပေါ်မှာ လူတွေကလည်း ဒီတိုင်းအမြင်လေးနဲ့ ဝေဖန်ပိုင်းခြားကြမှာပါပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ လျှောက်လှမ်းနေရတာ အမပါ။ အမလူတိုင်းကိုလည်း ဒါတွေရှင်းမပြချင်ပါဘူး။ဂဒါပေမဲ့ တစ်ခုပါပဲ ကျွန်မသွေးဆုံးတဲ့အရွယ် မဟုတ်သေးပါဘူး။ အခုမှ အသက်လေးဆယ် ဘဝစတာပါလို့ ပြောချင်ပါတယ်" လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် သူမအနေနဲ့ သူမရွေးချယ်ထားတဲ့ လက်တွဲဖော်ကို တကယ်လက်တွဲဖြစ်တဲ့နေ့ကျရင်လည်း အားလုံးက နားလည်ပေးမယ်လို့ သူမကယုံကြည်တယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ လက်ထပ်ဖို့နီးလာရင်လည်း အားလုံးကို တရားဝင်ချပြပါ့မယ်လို့ သူမက ဆိုပါတယ်။

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။