ဇာတ်ကားပေါင်းများစွာရိုက်ကူးထားရတဲ့ ရုပ်ရှင်မင်းသမီးချော သွန်းဆက်ဟာ သူမရဲ့ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပွင့်လင်းတဲ့ ပြောဆိုဟန်လေးတွေကြောင့်လည်း လူမှုကွန်ရက်မှာ ပရိသတ်တွေရဲ့ အချစ်ခံရသူလေးဖြစ်ပါတယ်။

အနုပညာလောကထဲ ပရိသတ်အခိုင်အမာရရှိထားတဲ့ သွန်းဆက်ဟာ သူမရဲ အားလပ်ချိန်လေးတွေမှာဖြစ်စေ တစ်နေ့တာလှုပ်ရှားမှုလေးအကြောင်း ပျော်စေပျက်စေသဘောနဲ့ ဓာတ်ပုံလေးတွေတင်လေ့ရှိပြီး ပရိသတ်တွေနဲ့ တရင်းတနှီးနေတတ်သူပါ။

ဇူလိုင်လ(၁၂)ရက်နေ့မှာ သွန်းဆက် ကိုယ်တိုင် သူမရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ ပေါင်မုန့်စားပြီး ရုပ်ပြောင်ကာ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်ခဲ့ပါတယ်။

လက်တလောမှာတော့ ပျော်စေပျက်စေသဘောနဲ့ တင်ထားတဲ့ အဆိုပါဓာတ်ပုံလေးတွေကို မလိုလားတဲ့ ပရိသတ်အချို့ကတော့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး သွန်းဆက်ကတော့ သူမကိုရိုင်းစိုင်းစွာ ဝေဖန်သူအချို့ကို အခုလို ပြန်တုန့်ပြန်ထားပါတယ်။

"အော် ? ဒွတ်ခ ပဲ ???

ပေါင်မုန့်ကို ပေါင်မုန့်လို မမြင်ပဲ ဘာတွေမြင်ကြလဲတော့မသိပါဖူး?

ကိုယ်တွေဖေ့ဘုတ်တင်တယ်ဆိုတာလဲ ဒီလို အသားညှပ်ပေါင်မုန့်အကြီးကြီးကို အမြဲ မတွေ့ဖူးလို့ တင်ထားတာပါ ??? နိုင်ငံခြားမှာပဲ ဒီလိုပေါင်မုန့်တွေအမြဲတွေ့ရတာ...ဒီမှာဆိုသိပ်မတွေ့ရလို့တင်တာပါ...ရိုင်းစေချင်တဲ့ဆန္ဒလဲမရှိပါဖူးရှင် ??? ပုံတင်တော့လဲ အဆဲခံရမှာဆိုးလို့ဘလော့မယ်ရေးထားတာပါ... ဒီမှာက cele တွေဘာတင်တင်လေ မိန်းကလေးတွေ ဆိုတာလဲ မသိကြဖူး နှမချင်းမစာမနာဆဲကြလွန်းလို့ပါ.. မြန်မာဝတ်စုံတွေနဲ့ပုံတင်လဲဆဲကြ...cute ပုံတင်လဲဆဲကြ..sexy ပုံတင်လဲဆဲကြနဲ့...ဘာတင်တင်အဆဲခံနေရတာပဲလေ...ကိုယ်ချင်းစာပီါ်တွေးပေးရင်သိပ်ကောင်းမှာပဲရှင်??? all peace နော် ✌️✌️✌️

အားလုံးကိုချစ်တယ် ❤️❤️❤️❤️❤️" 

သတင်းအရင်းမြစ် Thun sett fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။