မိဘနှစ်ပါးနဲ့အတူ ပြင်သစ်နိုင်ငံကို ခရီးထွက်နေတဲ့ ဖြူဖြူကျော်သိန်းတစ်ယောက် သူမရဲ့ လည်ပတ်နေတဲ့ ခရီးတစ်လျှောက် အတွေ့အကြုံတွေကို ပရိသတ်တွေအတွက်မျှဝေထားပါတယ်။

အသံပါ၀ါကောင်းကောင်းနဲ့ ထူးခြားတဲ့ ဖက်ရှင်အလန်းတွေကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားအားပေးခြင်းတွေရရှိထားတဲ့ ဖြူဖြူကျော်သိန်းဟာ ပြီးခဲ့တဲ့လအတွင်းမှာ ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီးပါပြီ။

လက်တလောမှာတော့ အစ်မဖြစ်သူမိသားစုရှိရာ ပြင်သစ်နိုင်ငံကို မိသားစုလိုက် အလည်အပတ်ရောက်ရှိနေတဲ့ ဖြူဖြူတစ်ယောက် ကမ္ဘာကျော်လူသိများတဲ့ Lavander ခရမ်းရောင်ပန်းခင်းတွေကြားထဲမှာ ရောက်ကာ ပျော်ရွှင်နေပုံရပါတယ်။

ပရိသတ်တွေက မြန်မာဝတ်စုံလေးဝတ်စေချင်တဲ့အတွက် ဖြူဖြူ ကတော့ ခရမ်းရောင်ပန်းခင်းအလှတွေကြားမှာ ရောက်ရှိနေတဲ့ မြန်မာမလေးဖြစ်သွားပါပြီ။

ပန်းခင်းတွေနဲ့ အပြိုင် လှနေတဲ့ ဖြူဖြူ ကတော့ မြန်မာဝတ်စုံလေးနဲ့ ပိုပြီးကြည့်လို့ကောင်းရဲ့လား ပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် Phyu Phyu fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။