ဇူလိုင်(၁၉)ရက်နေ့မှာ ကျင်းပမယ့် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနား ရောက်ရှိလို့လာပါတော့မယ် ။

အာဇာနည် ဗိမာန်အပါအဝင် အခမ်းအနား နဲ့ သက်ဆိုင်တဲ့ နေရာများမှာ ရှိနေမယ့်သူကတော့ သရုပ်ဆောင် ဝေဠုကျော် ပဲဖြစ်ပါတယ် ။ ကြည်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူ တစ်ယောက်အဖြစ် ဗဟိုကောင်စီဝင် အလုပ်အမှုဆောင်အဖြစ်နဲ့ တာဝန်ထမ်းဆောင်မှာမို့ ကြက်ခြေနီယူနီဖောင်းဝတ်မည်မဟုတ်ဘဲ ကြက်ခြေနီတံဆိပ်ပါတဲ့ အပေါ်ထပ် ဝေ့စကုတ်ပဲဝတ်ဆင်ထားမှာဖြစ်တယ်လို့လဲဆိုပါတယ် ။ 

"ဂျူတီကတော့ အရင်လို အာဇာနည်ကုန်းတစ်ခုတည်း မဟုတ်တော့ဘူး။ ကျွန်တော်အရင် ကတော့ ကြက်ခြေနီရန်ကုန်တိုင်း တပ်ခွဲမှူးမို့လို့ ဂျူတီတစ်ခုအနေ နဲ့ ဝင်ရတာ။ အခုတော့ ဗဟိုကောင် စီဝင်အလုပ်အမှုဆောင်ဖြစ်သွား တဲ့အတွက် ကျွန်တော်က ကြီး ကြပ်အနေနဲ့ဝင်ရမှာ" လို့ 7days news ကအင်တာဗျူးတစ်ရပ်မှာ ဖြေဆိုထားပါတယ်။ 

တာဝန်ရှိ အဖွဲ့အစညး်များက ဖိတ်ကြားသည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ တာဝန်ယူသင့်တဲ့ နေရာတိုင်း ကို သွားရောက်ကူညီမှာ ဖြစ်တယ်လို့လဲသူကဆိုပါတယ် ။ ဝေဠုကျော်အနေနဲ့ ထိုကဲ့သို့ ကူညီဆောင်ရွက်ခဲ့သည်မှာ လေးနှစ်ခန့် ရှိပြီလည်းဖြစ်ပါတယ် ။ ပရဟိတအလုပ်တွေကိုအားတတ်သရောလုပ်ကိုင်နေတဲ့မင်းသားဟာ အနုပညာအလုပ်တွေကိုလည်း တစ်ဖက်ကလုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားရိုက်ကူးထားတယ်လို့လဲ သိရပါတယ် ။

သတင်းအရင်းမြစ် 7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။