မင်းသမီး ခိုင်နှင်းဝေကတော့ မကြာသေးခင်ကဘဲ သားအိမ်မှာရှိနေတဲ့ အသားလုံးကို ခွဲထုတ်ထားရတာဖြစ်ပါတယ်။ သူမရဲ့ အသားလုံးဟာ ခွဲထုတ်ချိန်မှာ တော်တော်ကြီးနေခဲ့ပြီ ဖြစ်ပြီး ကံကောင်းထောက်မစွာ သားအိမ်အပြင်မှာဖြစ်နေတဲ့ အတွက်ကြောင့် သားအိမ်ထုတ်စရာ မလိုခဲ့ဘူးလို့သိရပါတယ်။ သူမဟာ ဇွန်လိုင် (၉) ရက်နေ့မှာ စတင်ခွဲစိတ်ခဲ့ပြီး ဇွန်လိုင် (၁၂)ရက်နေ့မှာ လမ်းလျောက်လို့ ရပြီဆိုပြီးသူမ ဖေ့စဘွတ်စာမျက်နှာမှာပြောကြားခဲ့ပါတယ်။

သူမဟာ ခေါင်းလျှော်လို့ရပြီ ဆိုပြီး သူမရဲ့ လူမှုကွန်ရက်မှာတင်ပြီးနောက်ပိုင်း သူမပရိသတ်တွေက ဆေးရုံးကိုလာပြီး ကိတ်မုန့်တွေ နှင့် အတူ လာပို့သွားတယ်လို့လဲသိရပါတယ်။ ထိုကိစ္စနှင့် ပတ်သက်ပြီးသူမရဲ့ ခံစားချက်များကို ခိုင်နှင်းဝေက ယခုလိုဘဲရေးထားတာကိုတွေ့ရပါတယ်။

'ကျမကိုချစ်တဲ့ ကျမရဲ့ Fans အဖွဲ့ကကျမဆေးရုံမှာနေတဲ့အချိန် ပျော်ရွှင်အောင်လို့ ကျမကို အားတက်စေမဲ့ စာသားလေးတွေနဲ့ ကိတ်မုန့်လေး လာပို့ပေးတယ်...ကျေးဇူးတင်ပါတယ် ကျမရဲ့ Fans အဖွဲ့များရှင်......ဒီလိုချစ်ဖို့ကောင်းတဲ့ချစ်ပရိသတ်တွေရဲ့မေတ္တာတွေကြောင့်ခုလိုအချိန်ခဏလေးနဲ့နေမြန်မြန်ပြန်ကောင်းလာလို့ ချစ်ပရိသတ်ကြီးအားလုံးကိုအရမ်းချစ်ပါတယ်လို့ ......'

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။