ကိုယ်လုံးတီးဆိုတော့ မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်းတွေမြင်ပြီး ဟိုတွေး ဒီတွေးတွေလျှောက်မတွေးပါနဲ့ဦး ဘော်ဒါတို့ရေ။ အကျီ ဘောင်းဘီချွတ်ပြီး ကိုယ်လုံးတီးအိပ်စက်ခြင်းကို ရှက်စရာတစ်ခုလို့မြင်နေရင်တော့ ဆေးပညာရှုထောင့်အရ အကျိုးကျေးဇူးတွေရှိနေတယ်ဆိုတာရော သိပြီးကြပြီလား..။

လူတိုင်းလိုလို ညဘက်အိပ်စက်ချိန်ဆိုတာ တစ်နေ့တာလုံးပင်ပန်းနွမ်းနယ်မှုတွေကို အပန်းဖြေအနားယူဖို့ ကိုယ်ပိုင်အချိန်လေးပါ။ ဒါ့ကြောင့် အဲ့လိုစိတ်အေးလက်အေးနားရချိန်လေးမှာ ပူပူလောင်လောင်အဝတ်အစားတွေဝတ်အိပ်မယ့်အစား အဝတ်ဗလာနဲ့ စိတ်လွတ်ကိုယ်လွတ် အိပ်စက်တာက ကျန်းမာရေးအတွက်ရော အဘက်ဘက်က ကောင်းကျိုး(၁၀)ခု ရှိနေပါတယ်။

(၁)သင့်အတွက်လွယ်ကူပါတယ်။ ဘာကိုလဲဆိုတော့ ညဝတ်ဖို့အတွက် အကျီအဝတ်အစား သပ်သပ်ချည်း လဲဝတ်နေစရာမလိုတော့သလို ပိုက်ဆံလည်းသက်သာပြီး ခဏခဏ လျှော်စရာမလိုဘူးပေါ့။ ဒါပေမယ့် အဲ့ဒီအစား အိပ်ရာခင်းတွေကို သင်ရံဖန်ရံခါတော့ လျှော်ရပါလိမ့်မယ်။

(၂) အလုပ်သွားတာပဲဖြစ်ဖြစ် အပြင်သွားရင်ပဲဖြစ်ဖြစ် တကုတက ညဝတ်တဲ့အဝတ်အစားကို လဲရတဲ့ အချိန်သက်သာပါတယ်။ အလုပ်နောက်ကျလို့ မြန်မြန်သွားချင်ရင်တောင် အလုပ်ဝတ်မယ့်အကျီကို တခါထဲလွယ်လွယ်ကူကူဝတ်ပြီး သွားလို့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အဆင်သင့်ပေါ့။

(၃)ပိုပြီး လွတ်လပ်ပြီး စိတ်ပေါ့ပါးနေသလိုခံစားရမယ်။ စိတ်ကူးနဲ့တင် ပုံဖော်ကြည့်လိုက် ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးနေမလဲဆိုတာ..။ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ဘရာမပါပဲ အိပ်စက်တာဟာ ရင်သားကင်ဆာဖြစ်နိုင်ချေလည်း နည်းစေပါတယ်။ အကောင်အထည်ဖော်ကြည့်ကြပေါ့နော်။

(၄)အိမ်ထောင်ရေးသာယာစေပါတယ်။

အဝတ်အစားမပါပဲ အိပ်လိုက်ချိန်မှာ အသားချင်းထိလိုက်တာကြောင့် အောက်စီတိုစင်လို့ ခေါ်တဲ့ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်တွေ ထုတ်လွှတ်ပေးနိုင်ပါတယ်။ ချစ်တင်းနှောခြင်း အထွတ်အထိပ်ကိုရောက်စေနိုင်တယ်လို့ ဆိုပါတယ်။ အဝတ်ဗလာနဲ့ အိပ်စက်တာဟာ သင့်ရဲ့ အိမ်ထောင်ဖက်နဲ့အတူ ပိုပြီးရင်းနှီးနီးကပ်သလို ခံစားစေရမှာပါ။ ချစ်တင်းနှောရာမှာလည်း ဆန္ဒပြီးမြောက်စေသလို အိမ်ထောင်ရေးသုခလည်း ပြည့်စုံစေပါတယ်။

(၅) လေ့လာမှုတွေအရ ကိုယ်လုံးတီး အိပ်ခြင်းအားဖြင့် ခေါင်းချတာနဲ့ ပုံမှန်ထက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေပြီး ပိုပြီး ကျန်းမာစေတယ်လို့ ဆိုပါတယ်။

(၆) အဝတ်အစားချွတ်အိပ်ခြင်းရဲ့ သိသာတဲ့ အကျိုးကျေးဇူးကြီးကတော့ အရေပြားကိုပါ။ ဘယ်လိုအခြေအနေမျိုးမှာလဲဆိုရင် နွေရာသီလိုအခါမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဝတ်အစားတွေအထပ်ထပ် ဝတ်ဆင်နေရတဲ့အခါ ချွေးပေါက်တွေပိတ်နေပြီး အသက်ရှုကျပ်တတ်ပါတယ်။ အဲ့ဒီအခါ အဝတ်ဗလာ အိပ်စက်ခြင်းအားဖြင့် ကိုယ့်ရဲ့ ခန္ဓာကိုယ်အနှံ့ တစ်နေကုန်ပိတ်လှောင်ခံထားရတဲ့ အရေပြားကျန်းမာရေးအတွက် ပိုကောင်းမွန်စေပါလိမ့်မယ်။

(၇) အဝတ်အစားမပါပဲ အိပ်လိုက််တာဟာ ခန္ဓာကိုယ်အပူချိန်ကို ကျသွားစေတာကြောင့် ဇီီဝကမ္မဖြစ်စဉ်ကို အထောက်အကူပြုစေပါတယ်။

(၈) ပိုပြီးအံ့သြစရာကောင်းတာက အဝတ်မဲ့အိပ်သူတွေဟာ အဝတ်စားဝတ်အိပ်သူတွေထက် ပိုပြီး အသက်ရှည်အရွယ်တင်စေပါတယ်တဲ့။ ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေ အလွန်အမင်းထွက်နေရင်လည်း ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။

(၉)ဒါ့ပြင် ကိုယ်လုံးတီးအိပ်စက်တဲ့အခါ အမျိုးသား အမျိုးသမီးတွေရဲ့ လိင်အင်္ဂါတွေ ပိုးဝင်ရောက်မှုတွေကို ကာကွယ်နိုင်ပြီး လိင်စိတ်ကနိုးကြားစေနိုင်ပါတယ်။ အမျိုးသားတွေဆိုရင် သူတို့ရဲ့ သုတ်လွှတ်အားပိုကောင်းစေပြီး မျိုးအောင်စေတယ်လို့ ဆိုပါတယ်။ သင့်ရဲ့ဝှေးစေ့မှာ အပူချိန်အရမ်းများနေပြီဆိုရင် သုတ်ပိုးတွေကိုထိခိုက်စေပါတယ်။ အတွင်းခံကျပ်ကျပ်တွေဝတ်တာဟာ အပူချိန်ကိုမြင့်တက်စေလို့ပါ ။အမျိုးသမီးတွေရဲ့ လိင်အင်္ဂါကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် စိုစွတ်ပြီး အမွှေးအမျှင်ထူထပ်တာကြောင့် လေဝင်ပေါက်ပေးဖို့လိုပါတယ်။ အဲ့ဒီကနေတစ်ဆင့် ကူးစက်ပိုးမွှားတွေဝင်စေနိုင်ပါတယ်။ လုံလောက်တဲ့ PH Care ပမာဏမရှိခဲ့ဘူးဆိုရင်တော့ လိင်အင်္ဂါကို ကူးစက်ပိုးမွှားတွေသေချာပေါက်ဝင်မှာပါပဲ။ ဒါ့ကြောင့် စိတ်လွတ်ကိုယ်လွတ် တစ်ခါလောက် အိပ်ဖူးတယ်ရှိအောင် ကိုယ်တုံးလုံးအိပ်ကြည့်ကြပါနော်။

ကျန်းမာရေးဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်ပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် Relationship

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။