သမီးရည်းစား စုံတွဲတွေအနေနဲ့ တွဲလာခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ပျော်ရွှင်ကြည်နူးရတဲ့အချိန်လေးတွေရှိသလို စိတ်သဘောထားချင်းမတိုက်ဆိုင်ပဲ အဖုအထစ်တွေနဲ့ ရန်ဖြစ်ရတဲ့အချိန်လေးတွေလည်း ရှိတတ်ပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အမြဲဖြစ်တဲ့ စုံတွဲတွေက ပိုပြီး မြဲကြတယ်ဆိုပေမယ့် အမြဲတမ်းလိုလို ရန်ဖြစ်စကားများနေတော့လည်း နှစ်ယောက်လုံး အချိန်ကုန်လူပန်းတာပဲ အဖတ်တင်ပါတယ်။ အခန့်မသင့်ရင် တစ်ယောက်ကို တစ်ယောက် ငြီးငွေ့ပြီး ဘာမဟုတ်တဲ့ စကားများတာလေးတွေနဲ့ လမ်းခွဲလိုက်ရတဲ့အထိ ဖြစ်သွားကြပါတယ်။ ဒါ့ကြောင့် ချစ်သူစုံတွဲ တွေ ရန်ဖြစ်စကားများထားတယ်ဆိုရင် ဒီအချက်လေး(၁၀)ချက်ကို လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၁) တစ်ကနေ တစ်ဆယ်အထိ ရေတွက်ကြည့်ပါ။ ဒါတကယ်အလုပ်ဖြစ်တယ်နော်..မယုံမရှိနဲ့။သွေးပူတုန်းပြောလိုက်တဲ့အခိုက်တန့်လေးနဲ့ ကိုယ့်ချစ်သူကို တကယ်ပဲ ထိခိုက်စေချင်တာလား ပြန်စဉ်းစားကြည့်ပါ။ အသက်ခပ်ပြင်းပြင်းလေးရှုထုတ်ပြီး (၁၀)ထိရေတွက်ပြီးနောက်မှာ ဒါဟာသင်တို့နှစ်ဦးအတွက် ပြသနာမဟုတ်မှန်း အတွေးဝင်လာပါလိမ့်မယ်။

(၂) ရန်ဖြစ်နေရင် အမြန်ဆုံးရပ်တန်းရပ်ဖို့ တွေးထားပါ။ သင်တို့နှစ်ယောက်လုံးအတွက်ပေါ့။ နှစ်ဦးသဘောတူ တော်သင့်ပြီ ဆိုပြီး အလျှော့ပေးလိုက်ပါ။

(၃) အနိုင်ယူဖို့ပဲမကြိုးစားပါနဲ့။ တကယ်ချစ်ရင် အနိုင်ယူတာက မှားနေပါတယ်။ ကိုယ့်ချစ်သူနဲ့ စကားများတဲ့အခါ အမြဲတမ်းကိုယ်မှန်နေတယ်ပဲလို့ မတွေးထားပါနဲ့။ သင့်အမှားလည်းဖြစ်နိုုင်တာပဲလေ။ ဘယ်သူမှန်လဲ ဘယ်သူမှားလဲဆိုတာ ချစ်သူတွေကြားတွက်ကပ်စရာမလိုပါဘူး။

(၄)အချို့ကိစ္စတွေက ဘာမှမဟုတ်တဲ့အသေးအမွှားလေးတွေဖြစ်လို့ ရန်ဖြစ်ဖို့အထိ လိုလို့လား စဉ်းစားပါ။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြတဲ့အခါမျိုးပေါ့။ ဒါ့ကြောင့် အငြင်းပွားဖို့ ကိုယ့်အချိန်တွေအပုပ်ခံနေတာဟာ မှားတဲ့လုပ်ရပ်ပါ။

(၅) နှစ်ယောက်လုံးစကားများရန်ဖြစ်ထားတယ်ဆိုရင် သင်ကပဲဖြစ်ဖြစ် အရင်ဆုံးသူ့ကို ပွေ့ဖက်ထားလိုက်ပါ။ နားလည်မှုလွဲနေတာပဲဖြစ်ဖြစ် သဘောထားမတိုက်ဆိုင်တဲ့အချိန်ပဲဖြစ်ဖြစ် ဒီအချက်က ပြန်တည့်ဖို့ အရေးအကြီးဆုံးအချက်ပါ။ ဒါ့ကြောင့်သူ့ကို ရုတ်တရက်ပွေ့ဖက်လိုက်မယ်ဆိုရင် သူ့ဘက်ကလည်း သင့်အပေါ် စိတ်ပျော့သွားပါလိမ့်မယ်။

(၆) မဖြစ်နိုင်ပေမယ့်လုပ်ကြည့်ပါ။ ဥပမာ သင့်အနေနဲ့ သင့်ချစ်သူရဲ့ အတိတ် က ရည်းစားကိစ္စတွေ လူမှုရေးကိစ္စတွေမှာ အမြဲတမ်းပြန်ပြောပြီး သူ့ကို ရစ်နေတာထက် နားလည်ပေးလိုက်ပါ။ ဒီကိစ္စတွေဟာ ဖြစ်ပြီးမှတော့ ဘာမှရှောင်လို့မရတော့သလို သူလည်းလက်ရှိမှာ ကောင်းကောင်းမွန်မွန်ရပ်တည်နေတယ်ဆိုရင် သူ့ရဲ့မိသားစုကိစ္စ လူမှုရေးကိစ္စအဝ၀ ကို နားလည်ခွင့်လွှတ်ပေးလိုက်တာကောင်းပါတယ်။ သူလည်း စိတ်ချမ်းသာလာမှာပါ။

(၇) ချစ်သူနဲ့ အကြီးအကျယ်ရန်ဖြစ်ပြီးပြီဆိုရင် အိမ်ရောက်တဲ့အခါ စိတ်လွတ်ကိုယ်လွတ် နားပြီး အိပ်ပစ်လိုက်ပါ။ စုံတွဲတိုင်းလိုလိုကတော့ ရန်ဖြစ်ပြီးနောက်နေ့မနက်ဆိုရင် သူတို့မဟုတ်သလိုပဲ ကိုကိုတွေ သဲတွေချစ်တွေ ဖြစ်သွားကြပြန်ရောလေ။

(၈) သူနဲ့ ကိုယ်နဲ့ စကားများနေတဲ့အခါ ဆက်ပြီးစကားနိုင်လုနေမယ့်အစား ဟာသလေးတွေနှောပြီး ပြန်ပြောလိုက်ပါ.။ သူပြတ်မယ်ပြောလည်း တကယ်ပြန်နိုင်လို့လား ရဲရင့်အောင်သီချင်းလေးနဲ့ စနောက်လိုက်ပေါ့ ..ဒါဆိုသူလည်း ရယ်ချင်လာပြီး စိတ်ဆိုးပြေမှာအမှန်ပဲ။

(၉) ဒီအချက်ကတော့ သင့်အနေနဲ့ ကိုယ့်အကြောင်း ကိုယ်သိဖို့ပါ။အသက်ပြင်းပြင်းရှုထုတ်ပြီး သင့်ကို ဘာက ဒေါသထွက်စေတာလဲ ဘာက စိတ်ကသိကအောက်ဖြစ်သွားစေတာလဲဆိုတဲ့အချက်ကို သေချာလေးခေါင်းအေးအေးထားပြန်စဉ်းစားပါ။ကိုယ့်အပြစ်ကို တာဝန်ယူဖို့တောင်းပန်ဖို့လည်းမကြောက်ပါနဲ့နော်။

(၁၀)စိတ်အေးလက်အေးနေဖို့အချိန်ပေးပါ။

သင့်ကိုပတ်ဝန်းကျင်အသိုင်းဝိုင်းတွေ နဲ့ သင့်ရဲ့ချစ်သူက အချစ်ရေးမှာ အမြဲတမ်းလွှမ်းမိုးခြယ်လှယ်နေတာလည်းရှိမှာပါ။ အဲ့ဒီလို အဆိုးတွေများလာတဲ့အခါ အကြီးအကျယ်ရန်ဖြစ်ရော..ဥပမာ သင်ကဗိုက်ဆာနေတာပဲဖြစ်ဖြစ် လူအုပ်တောထဲ ဆူညံလွန်းလို့ စကားတောင်မပြောချင်တဲ့အချိန်မှာ ပိုပြီး စိတ်တိုလွယ် ရန်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သင်ရော သင့်ချစ်သူရော အရင်ဆုံးသက်သောင့်သက်သာဖြစ်အောင်အနားယူနေဖို့လိုပါတယ်။ စိတ်အေးလက်အေးတည်ငြိမ်တဲ့အချိန် စကားပြောတာ ရန်ဖြစ်နိုင်ချေနည်းပါတယ်။  

သတင်းအရင်းမြစ် brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။