မြောက်ကိုရီးယားနို်င်ငံနဲ့စစ်ရေးဆိုင်ရာဆွေးနွေးပွဲပြုလုပ်ဖို့စီစဉ်နေတယ်လို့တောင်ကိုရီးယားဒုတိယကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ကြောင်း CNN International ကနေ ဖော်ပြလိုက်ပါတယ်။

ကိုရီးယားနှစ် နိုင်ငံနယ်စပ်အနီးမှာ ပဋိပက္ခ တွေဖြစ်ပွားမှုမြင့်တက်နေတာကို ဟန့်တားနိုင်ဖို့အတွက် စစ်ရေးဆိုင်ရာဆွေးနွေးပွဲပြုလုပ်ဖို့ တောင်ကိုရီးယားကတောင်းဆိုထားဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲကိုတော့ (၂) နိုင်ငံ စစ်မဲ့ဇုန်မှာရှိတဲ့ မြောက်ကိုရီးယားနို်င်ငံပိုင် အဆောက်အဦးမှာ ခုလ(၂၁)ရက်နေ့မှာ ပြုလုပ်ဖို့စီစဉ်ထားရှိပါတယ်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလကာလနောက်ပိုင်း တောင်နဲ့မြောက်နှစ်နိုင်ငံ အစိုးရအကြား ဆွေးနွေးပွဲကျင်းပခြင်းလုံးဝ မရှိသေးကြောင်းနပြအခုတဖန် ပထမဆုံးအကြိမ်ပြန်လည် ဆွေးနွေးဖို့စီစဉ်နေခြင်းဖြစ်ပါတယ်။

Aung

သတင်းအရင်းမြစ် CNN International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။