မြန်မာပြည် အနုပညာလောကရဲ့ နာမည်ကြီး စုံတွဲတစ်တွဲ ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းပါ အားကျစရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရရှိထားသူတွေကတော့ ပြေတီဦးနဲ့ အိနြဒာကျော်ဇင်တို့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ အနုပညာနယ်ပယ်ရဲ့ ထိပ်တန်းအကျော်အမော်တွေဖြစ်ကြသလို နှစ်ယောက်အတူ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေဆိုရင်လည်း ရုံလျှံတဲ့အထိ အောင်မြင်လှပါတယ်။

ယခုတစ်ခါမှာတော့ အကယ်ဒမီ သုံးထပ်ကွမ်း ပြေတီဦးက ဇနီးဖြစ်သူ အူဝဲနဲ့ ရုပ်ရှင်ရိုက်ကူးရတဲ့အခါ သူ့ဖက်က ပြင်ဆင်မှုအပိုင်းတွေနဲ့ ပတ်သတ်ပြီး 8days ဂျာနယ်သို့ ယခုလို ဖြေကြားပေးထားတာတွေ့ရပါတယ်။

"အူဝဲနဲ့ သရုပ်ဆောင် တဲ့အခါ အလုပ်ကိစ္စနဲ့ပတ်သက်လာရင် လင်မယားချင်းဆိုတဲ့အမြင် မရှိဘူး။ အလုပ်နဲ့ပတ်သက်လာရင် ဘယ်သူနဲ့မဆို အလုပ်အနေနဲ့ပဲ စဉ်းစားတယ်။ အူဝဲက တော်တော်လေးလုပ်နိုင်စွမ်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်တို့က အသက်အရွယ်တစ်ခုရလာပြီ။ သရုပ်ဆောင်တန်းမှာ အကြီးပိုင်းထဲကို ရောက်လာပြီ။ အဲဒီတော့ လက်ရှိအနုပညာ လောကမှာ လှုပ်ရှားနေတဲ့ လူတော်တော်များများက ကိုယ့်ထက် အငယ်လိုဖြစ်လာပြီ။ အရင်က ကိုယ်က အငယ်ဆိုပေမယ့် အခုတော့အကြီးဖြစ်လာပြီ။ များသော အားဖြင့် အခုနေရာတစ်ခုနဲ့ အောင်မြင်နေတဲ့လူတွေက ကိုယ့်ထက် အငယ်များလာပြီ။ အူဝဲတို့ကျတော့ ကျွန်တော်တို့ထက် Senior လည်း ဖြစ်တယ်။ အောင်မြင်ခဲ့တာလည်းစောတယ်။ သရုပ်ဆောင်နိုင်စွမ်း Level တစ်ခုမြင့်တဲ့ထဲမှာပါတယ်။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် သူနဲ့ရိုက်တဲ့ကားတွေမှာ ကျွန်တော်ပိုပြီး သတိထားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုသိပ်မရှိဘူး။ အူဝဲ ကျတော့ ဘယ် Scene မှာ ဘယ်လောက်ဖိုး သရုပ်ဆောင်ရမလဲသိတယ်။ သိတဲ့အတိုင်းကိုလည်း ကွက်တိလုပ်နိုင်တယ်။ အူဝဲနဲ့ သရုပ်ဆောင်ရရင် ကိုယ့်ဘာသာကိုယ် သေသေချာချာစဉ်းစားရတယ်။ ပြင် ဆင်ရတယ်။ အပေးအယူမျှအောင်၊ ကြည့်ရတာအဆင်ပြေအောင် စသဖြင့်ပေါ့" ဆိုပြီး ပြောထားပါတယ်

Source: 8 days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။