ချစ်ရသူနဲ ့အတူ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ ပက်ထရစ်ရှာ

နာမည်နဲ ့လိုက်အောင် စူးရှတဲ့အကြည့်တွေကို ပိုင်ဆိုင်သူ သရုပ်ဆောင်မင်းသမီးလေး ပက်ထရစ်ရှာ ခေါ် စူူးရှနိုင် ဟာ သူမရဲ ့ချစ်သူနဲ ့အတူ ဝါဆိုသင်္ကန်းကပ်လှူဖြစ်ခဲ့တယ်လို ့သိရပါတယ်။

ချစ်သူဟာ လူမျိုးခြားဖြစ်တာမို ့ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် သူမရဲ ့ချစ်သူဟာ အခုလိုပဲ သူမမိသားစုနဲ ့အတူ အောင်ဇမ္ဗ္ဗူတောရ

ဓမ္မရိပ်သာမှာ ဗုဒ္ဓဘာသာအစဉ်အလာအတိုင်း ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပက်ထရစ်ရှာက Instagram ကနေ

တဆင့် ဝေမျှခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ ့ပက်ထရစ်ရှာဟာ ရုပ်ရှင် ဗွီဒီယို ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးဖြစ်နေတာကို တွေ ့ရပြီး မင်းသား

အောင်ရဲလင်းနဲ ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဘေဘီရစ်လုံး ဇာတ်ကားဟာလည်း ဇူလိုင်လ ၁၁ရက်နေ ့က ထွက်ရှိခဲ့ပါတယ်။

အနုပညာခရီးလမ်းကို ပုံမှန်လေးလျှောက်လှမ်းနေတဲ့ ပက်ထရစ်ရှာဟာ လူငယ်ပရိသတ်တွေရဲ ့အားပေးမှုကို အခိုင်အမာရရှိနေတဲ့

မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။   

သတင်းအရင်းမြစ် sueshanaing IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။