ပြီးခဲ့တဲ့တစ်လကျော်က မိန်းမလျာဘဝခံယူလိုက်ပြီလို့ ပြောလိုက်တဲ့ ဇာတ်ပို့သရုပ်ဆောင် ရဲလေးမ က ဂေးတွေအတွက် ကိုယ်စားပြုချင်တယ်လို့ ဆိုပါတယ်။

ဇာတ်ကားတိုင်းလိုလိုမှာ မိန်းမလျာဇာတ်ရုပ်နဲ့ ပင်တိုင်သရုပ်လေ့ရှိတဲ့ ရဲလေးမဟာ ပရိသတ်ချစ်ခင်အားပေးမှုတွေများစွာ ရရှိထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ရဲလေးမကတော့ ဂေးတွေဖိနှိပ်ခံရတဲ့အပေါ်သူ့သဘောထားကို အခုလို Myanmar People Magazine မှာပြောပြထားတာပါ။

“ခေတ်ကြီးလည်း တိုးတက်လာတာနဲ့အမျှ အရင်ကဆို မိန်းမလျာတွေကို ရွံကြောက်ကြီးလို ပုံစံမျိုးလုပ်ကြတယ်။ အမှန်တော့ မဆိုင်ဘူး။ သူတို့လည်း လူထဲကလူပါပဲ။ သူတို့ကိုတစ်ချို့ဖိနှိပ်တာတွေရှိတယ်။ အခုခေတ်မှာလည်း တစ်အားဖိနှိပ်တဲ့သူ ရှိနေပါသေးတယ်။ ဒါပေမယ့် အခုရိုက်ကြတဲ့ ကားတွေထဲမှာဆိုရင် ပေးထားတဲ့ Messageလေးတွေ ရှိတယ်ပေါ့။ အခြောက်ဆိုတာလည်း လူတန်းစားတစ်ရပ်ပဲ ဆိုတာပေါ့။ သူတို့က ဘဝဝဋ်ကြွေးတစ်ခုကြောင့်သာ ဒီလိုဖြစ်ကြတာလေ။ 

အခုခေတ်မှာလည်း နည်းနည်းအမြင်လေးတွေ ရှိလာကြပြီ။ မိန်းမလျာတွေကို ချစ်တတ်လာတယ်။ မိန်းမလျှာ ဂေးရှိုးပွဲတွေ ဘာတွေဆိုရင်လည်း တော်တော်များများ လက်ခံကြတယ်။ လက်ခံကြတဲ့အတိုင်းအတာတစ်ခုမှာ အစ်ကိုက ဂေးနေရာကလည်း သရုပ်ဆောင်ကြတော့ ပရိသတ်ရင်ထဲမှာလည်း ဒီကောင်လေးကတော့ မဆိုးဘူး။ ချစ်လည်းချစ်ကြတယ်။ မုန်းတယ်ဆိုတာတော့ ရှိလည်း ရှိလိမ့်မယ် ဒါပေမယ့် အစ်ကို့အနေနဲ့ကတော့ ရှားတယ်။ အများစုကတော့ လက်ခံကြတယ်။ လက်ခံကြတဲ့အတိုင်းအတာမှာ အစ်ကိုကတော့ ဂေးတွေအတွက်ကိုလည်း သူတို့ကိုယ်စားလေးလည်းပြုချင်တယ်။”လို့ ရဲလေးမက ပြောပါတယ်။

ဒါ့ပြင် ရဲလေးမဟာ (၁၀)နှစ်ကျော်ငယ်တဲ့ မိန်းကလေးချစ်သူရှိကြောင်း သူ့အလုပ်အပေါ်လည်း နားလည်ပေးတဲ့သူဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ် Myanmar People magazeine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။