ယခုတလော လူမှုကွန်ယက်ပေါ်မှာ မင်းသမီးမယ်လိုဒီပါဝင်နေတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ပတ်သတ်လို့ ဝေဖန်တာတွေ တွေ့မြင်နေရပါတယ်။ ဒီဓာတ်ပုံထဲမှာ မင်းသမီးမယ်လိုဒီက ခြေချိတ်ထိုင်ထားတာဖြစ်တာမို့ ချေတယ် ဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ မယ်လိုဒီဘက်က စိတ်မကောင်းဖြစ်မိပြီး ပြန်လည်ဖြေရှင်းထားတာလည်း တွေ့ရပါတယ်။ ယခုတစ်ခါမှာတော့ Duwun က interview တစ်ခုမှာ သူမက ယခုလို ထပ်မံဖြေဆိုထားပါသေးတယ်။

''ပုံတွေတက်လာတဲ့အချိန်တုန်းကတော့ အစ်မ ဘာမှမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အစ်မကို ဖုန်းဆက်ပြီးပြောကြတယ် အမလေး.. ရွှေမှု့ံကို ချေလိုက်တယ်ပေါ့။ ပြောရမယ့်သဘောက ရွှေမှုံလေးကလည်း သူ့ဘာသာချေနေတာပေါ့ အစ်မက ရွှေမှုံ့ထက်ပိုချေလိုက်တယ်ပေါ့ အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာလည်း ကိုယ်သတိမထားမိတဲ့ကိစ္စပေါ့နော်”

“အဲ့ဒီမှာက ရွှေမှုံလေးရောက်လာတဲ့ အချိန်မှာ သမီးနေကောင်းပြီလားပေါ့ ဒီရက်ပိုင်းမှာ သူက ကျန်းမာရေးမကောင်းဖြစ်နေတာကို သူ့ဖေ့စ်ဘွတ်မှာလည်း တင်ထားတာတွေ့ရတော့ မေးလိုက်တယ်။ သူကလည်း ဟုတ်တယ်အစ်မ.. ဒီပွဲလေးကိုလည်း သူအရမ်းခင်လို့ လာတာတဲ့ ဆိုတော့ ဟုတ်ပြီပေါ့ဆိုလိုက်တယ်။ အရှေ့ကလည်း သူတို့ရဲ့ အကြောင်းအရာတွေရှင်းပြနေတာကို နားထောင်နေ လိုက်တယ်။ သူလည်း သူ့ဘာသာ လုပ်စရာရှိလို့ သူ့အလုပ်သူလုပ်နေတာဆိုတော့ ကိုယ်လည်း ကိုယ့်ဘာသာကြည့်နေလိုက်တယ်”

"“တကယ်ဆို ရိုးရိုးလေးပဲ ဖိထိုင်လိုက်လို့ရ တယ် အစ်မမှာလည်း လိုအပ်ချက်ရှိသွားတာပေါ့နော်။တကယ်ဆို အစ်မက ခြေထောက်လေး နှစ်ချောင်းစုပြီး ထိုင်လိုက်ရင် ဒီလို ဖြစ်လာ မှာ လည်းမဟုတ်ပါဘူး။ ထမီကလည်းပတ်ထမီဆိုတော့လေ ထိုင်ခုံကလည်း တောင့်တောင့်လေးဆိုတော့ အဆင်ပြေ သလို လေးထိုင်လိုက်တာ ကျော့ကျော့ရှင်းရှင်းလေးနဲ့ လှနေမလားပေါ့ လှချင်စိတ်လေးလည်း ပါပါတယ်။ အစ်မကိုချေတယ်လို့ပြောတာက လည်း ပရိသတ်တွေကပြောတာမဟုတ်ပါဘူး လူရင်းတွေကပဲပြောတာ ဖုန်းဆက်ပြီးတော့ သတိပေးတာပေါ့။ ကိုယ်ကမိခင် တစ် ယောက် လည်းဖြစ်နေပြီ ရွှေမှုံလေးဆိုတာကလည်း မျိုးအတွက်တော့ ငယ်သေးတယ်ကလေးပဲရှိပါသေးတယ်။ ကလေး တစ်ယောက် ကိုလည်း ဒီလိုလုပ်စရာမရှိသလိုလူကြီးတစ်ယောက်ကိုလည်း ဒီလို လုပ်ဖို့မရှိပါဘူး” လို့ မယ်လိုဒီက သူမရဲ့စိတ်ရင်းအမှန်ကို Duwun သို့ ဖြေဆိုထားတာတွေ့ရပါတယ်။

Source: Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။