အောင်လကတော့ ပရိတ်သတ်တွေကို မင်္ဂလာကိစ္စနီးရင် အသိပေးမယ်လို့ ဆိုလိုက်ပါတယ် ။

တစ်ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေတဲ့ အောင်လက 

" တစ်ကိုယ်တော်အခွေကအကြောင်းအမျိုးမျိုးကြောင့် ထွက်ဖို့ကြာနေတာပါ ။ သီချင်းတွေတော့အကုန်လုံးပြီးနေပါပြီ ။

သိပ်မကြာခင်တော့ထွက်နိုင်တော့မှာပါ ။ အချစ်ရေးကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ ရင့်ကျက်လာပြီလို့ပြောရမှာပေါ့ ။ ငယ်ငယ်တုန်းကလိုမဟုတ်တော့ဘူး ။ ရှေ ့ဆက်ပြီးတော့ ဘာဆက်လုပ်ကြမလဲဘဲတွေးကြတာပေါ့နော် ။ ဒီကြားထဲမှာကျွန်တော်တို့နှစ်ယောက် အပြောခံရတာတွေ ဝေဖန်ခံရတာတွေတော့ရှိလည်း ကျွန်တော်တို့နှစ်ယောက်ရင့်ကျက်မှုနဲ့ နားလည်စွာဖြတ်သန်းပါတယ် ။ ဝေဖန်တာတွေကိုတော့ကျွန်တော့စိတ်ထဲမှာ ကျွန်တော်တို့နှစ်ယောက်ကို တိုက်ခိုက်နေတယ်လို့ စိတ်ထဲမှာတောင်မထားတော့ပါဘူး ။ ဒီဘက်နားကဝင် ဟိုဘက်နားကပြန်ထုတ်လိုက်တာပါပဲ ။ စိတ်ထဲမှာကိုမထားတာ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေကခိုးပြီးတွဲနေတာလည်းမဟုတ်ဘူး ။ တရားဝင်ပွင့်ပွင့်လင်းလင်း ဟိုဘက်ကိုလည်းရှင်းတယ် ။ ဒီဘက်ကိုလည်း ရှင်းပြီးတော့ ရှင်းရှင်းလင်းလင်းလုပ်ပြီးမှ တွဲကြတာပါ ။ အဓိကကတော့ ရင်ထဲကအချစ်ပါပဲ ။ နှစ်ယောက်ရဲ့ မင်္ဂလာကိစ္စကတော့လိုပါသေးတယ် ။ နီးရင်တော့ကျွန်တော်အသိပေးပါ့မယ်လို့ အောင်လကဆိုပါတယ် ။

သတင်းအရင်းမြစ် 8day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။