အာဇာနည်‌‌နေ့မှာစင်‌ကာပူကိုအနိုင်‌ရခဲ့တဲ့မြန်‌မာ


စင်‌ကာပူနဲ့မြန်‌မာဟာ ရန်‌ကုန်‌မိုး‌ရေစက်‌‌တွေကြားထဲမှာ

အကြိတ်‌အနယ်‌ယှဉ်‌ပြိုင်‌ခဲ့ကြပြီးပွဲကြမ်‌းခဲ့ပါတယ်‌။

ဒီပွဲရလဒ်‌က‌ခြေစစ်‌ပွဲ‌အောင်‌ဖို့အတွက်‌အ‌ရေးကြီးတာမို့

နှစ်‌သင်‌းစလုံးကျားကုတ်‌ကျားခဲကစားသွားခဲ့ကြပါတယ်‌။

မြန်‌မာအသင်‌းမှာအစာအိမ်‌‌ရောင်‌‌ပျောက်‌သွားတဲ့မျိုးကိုထွန်‌း

ပြန်‌လည်‌ပါဝင်‌လာပြီးဒဏ်‌ရာရသွားတဲ့နန်‌း‌ဝေမင်‌း‌နေရာဝင်‌ကစားခဲ့ပါတယ်‌။ ‌အောင်‌‌ကောင်‌းမာန်‌၊သီဟထက်‌‌အောင်‌တို့‌ကြောင်‌့ပထမပိုင်‌းဟာပွဲဆူခဲ့ရပါတယ်‌။

စင်‌ကာပူကစားသမား‌တွေဟာဆွကစားတတ်‌သူ‌တွေဖြစ်‌ပြီး

ရန်‌ပိုင်‌အထုတ်‌ခံခဲ့ရတဲ့ စင်‌ကာပူနဲ့ပွဲကိုပြန်‌သတိရစရာဖြစ်‌ခဲ့ပါတယ်‌။ပထမပိုင်‌းမှာတစ်‌ဖက်‌နဲ့တစ်‌ဖက်‌ဂိုးသွင်‌းခွင်‌့များစွာရခဲ့‌ပေမယ်‌့ဂိုးမရှိသ‌ရေကျခဲ့ပါတယ်‌။


ဒုတိယပိုင်‌းမှာ‌တော့မြန်‌မာအသင်‌းကစားကွက်‌ပိုမိလာခဲ့ပြီး

စင်‌ကာပူဘက်‌ကိုပိုမိုထိုး‌ဖောက်‌လာနိုင်‌ခဲ့ပါတယ်‌။

မြန်‌မာအသင်‌းကျဉ်‌းထဲကြပ်‌ထဲ‌ရောက်‌တိုင်‌းကယ်‌တင်‌‌နေကြ

‌အောင်‌သူဟာ‌ဗွေ‌ဆော်‌ဦးဂိုးသွင်‌းယူခဲ့ပါတယ်‌။ပွဲပြီးခါနီးနာကျင်‌အချိန်‌ပိုမှာ‌တော့ ‌အသင်‌း‌ခေါင်‌း‌ဆောင်‌စည်‌သူ‌အောင်‌ရဲ့တိကျတဲ့‌ပေးပို့မှုနဲ့အတူ

ကွင်‌းလယ်‌လူလှိုင်‌းဘိုဘိုဒုတိယအနိုင်‌ဂိုးထပ်‌မံသွင်‌းယူနိုင်‌ခ့ပါတယ်‌။‌ဒုတိယပိုင်‌းမှာစင်‌ကာပူဂိုးသမားနဲ့‌အောင်‌‌ကောင်‌းမာန်‌ အ‌ချေအတင်‌ဖြစ်‌ခဲ့လို့ ၂‌ယောက်‌လုံးအထုတ်‌ခံခဲ့ရပါတယ်‌။

အာဇာနည်‌‌နေ့မှာအနိုင်‌ရခဲ့တဲ့မြန်‌မာအသင်‌းရဲ့အာဇာနည်‌‌ခေါင်‌း‌ဆောင်‌ကြီး‌တွေကိုအ‌လေးပြုတဲ့ပုံစံ‌အောင်‌ပွဲခံပုံရိပ်‌ဟာ ပရိသတ်‌‌တွေအတွက်‌ရင်‌ထဲ‌ရောက်‌ခဲ့တယ်‌လို့ဆိုရပါမယ်‌။


source-mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။