အိမ် သီချင်းလေးနဲ့ အနုပညာလောကထဲ ပရိသတ်အားပေးမှုတွေတခဲနက်ရရှိခဲ့တဲ့ အဆိုတော်ရဲလေး ဟာ သီချင်းကောင်းလေးတွေသီဆိုနိုင်ရင်တင်မက ကိုယ်တိုင်လည်း သီချင်းလေးတွေရေးစပ်တာ တော်သူဖြစ်ပါတယ်။

မိုး သီချင်းကတော့ သူ့ရဲ့ အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်လို့ ပြောလို့ရသလို လက်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားလည်း ရိုက်ကူးဖို့ရှိတယ်လို့ သ ိရပါတယ်။

ဒါ့ပြင် အိမ်ထောင်ရေးကွဲခဲ့ပြီးနောက် တစ်ကိုယ်တော် Single ဘဝနဲ့ ဖြတ်သန်းရင်း ပျော်ရွှင်စွာ ရပ်တည်နေတဲ့ ရဲလေးတစ်ယောက် သူ့ရဲ့ လက်တလောအချစ်ရေးကို ပြောပြခဲ့ပါတယ်.။

ပရိသတ်ရှေ့ကို အနုပညာအလုပ်တွေ ခပ်စိတ်စိတ်လေးနဲ့ ပြန်လည်ရောက်ရှိလာတဲ့ ရဲလေးက ရည်းစားထားဖို့ အချိန်မရှိသေးလို့ Single အဖြစ်နဲ့ပဲ ရှိနေဦးမယ်လို့ ပြောပါတယ်။

“အိမ်ထောင်ကျပြီးတော့ ၂နှစ်လောက်တော့ ပြတ်သွားတယ်။ အခုတော့ အိမ်ထောင်လည်း မရှိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက်နဲ့လည်း လမ်းခွဲပြီးတော့ Single တစ်ယောက်အနေနဲ့ ပြန်ရပ်တည်တဲ့အချိန်မှာ အနုပညာလောကကို လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်တဲ့အလုပ်ကို ပြန်လုပ်တယ်။ ပြန်လုပ်တဲ့အချိန်မှာ သိပ်အခက်အခဲကြီးတော့ မရှိပါဘူး။ ကျွန်တော့် ပရိသတ်က ရှိနေသေးတဲ့အတွက်။ နည်းနည်းလေး ပိုကြိုးစားလိုက်ရတာလေးတော့ ရှိတာပေါ့။ အချစ်ရေးက ဘာမှမရှိသေးပါဘူး။ Single ပါပဲ။ အချစ်ရေးက မလိုအပ်သေးဘူးလို့ ထင်လို့ ။ သူငယ်ချင်းတွေ၊ မိဘတွေ၊ မိသားစုဝင်တွေအတွက် အချိန်ပေးနေရတာများတယ်။ နောက်ပြီး ကျွန်တော်ချစ်တဲ့ ကျွန်တော်ရဲ့ ပရိသတ်၊ ကျွန်တော့် Fan တွေအတွက် ရည်းစားထားဖို့ အချိန်မရှိသေးပါဘူး။”လို့ ရဲလေးက ပြောပါတယ်။ 

သတင်းအရင်းမြစ် Myan People magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။