သွားလာရေးခက်ခဲ့တဲ့ နေရာက ပရဟိတကျောင်းလေးမှာ အလှူလုပ်ဖြစ်ခဲ့တဲ့ မအေးသောင်း

ပရိသတ်ချစ်ကြတဲ့ သရုပ်ဆောင်အေးဝတ်ရည်သောင်း ခေါ် မအေးသောင်းဟာ အလှူရှင်တွေ ရောက်ဖို ့ခက်ခဲတဲ့ နေရာလေးက ပရဟိတကျောင်းမှာ အလှူလုပ်ဖြစ်ခဲ့ပါတယ်။

အဆိုပါကျောင်းလေးကတော့ သင်္ဂတုံ ရေမောင်းကုန်း ဆိုတဲ့ ပရဟိတကျောင်းလေးဖြစ်ပြီး ပြင်ဦးလွင်ကဆိုရင် ၁ နာရီကျော်ကြာမျှမောင်းရတဲ့ နေရာလေးလည်းဖြစ်ပါတယ်။

မအေးသောင်းဟာ အလှှူအတန်းသွားရောက်မပြုလုပ်ခင်မှာ ကလေးငယ်တွေ ကြိုက်နှစ်သက်တဲ့ အရာတွေကို ကြိုတင်မေးမြန်းဖြစ်ခဲ့ပြီး လှူဒါန်းတဲ့နေ ့

မှာတော့ Sunkist အအေးဗူး ကိတ်မုန် ့ပဲပေါက်စီ ကစားစရာ ပူစီဖောင်းလေးတွေနဲ ့အယောက် ၁၈၀ အတွက် နေ ့လည်စာ လှူဒါန်းဖြစ်ခဲ့ပါတယ်။

အခုလို ပြုလုပ်ဖြစ်ခဲ့တဲ့ အလှူဒါနမှာ အမျိုးတွေအားလုံးရဲ ့အလှူလည်း ပါတဲ့အတွက် မအေးသောင်းက အားလုံးကြည်နူးနိုင်စေဖို ့ရည်ရွယ်ပြီး မျှဝေထားခဲ့တဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးက အခုလိုပဲတွေ ့မြင်နိုင်ပါတယ်။

မအေးသောင်းဟာ အခုလက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ ့မင်္ဂလာရှိတဲ့ အရပ် ဇာတ်လမ်းတွဲမှာ ဆရာမလေးမှော်အဖြစ်ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ သြရသက ပုံဖေါ်ရိုက်ကူးနေတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ ့မြင့်မြတ်၊ စည်ဖြိုး၊ Kelvin Kate၊ အေးဝတ်ရည်သောင်းနဲ ့နွဲ ့ဒါလီထွန်းတို ့ပါဝင်ထားကြပါတယ်။  

သတင်းအရင်းမြစ် Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။