မင်းသမီး ရွှေမှုန်ရတီကတော့ သူတို့ရှေ ့မှာတင် မျက်ရည်မဆည်နိုင်အောင် ဝမ်းနည်းခဲ့ရပါတယ်တဲ့ ။

သူတို့ဆိုတာကတော့ ဂီလာနခွေးကလေးတွေပါ ။

လေလွင့်နေတဲ့ ဂီလာနခွေးလေးတွေကိုစောင့်ရှောက်ပေးထားတဲ့ Golden Heart Animals Rescue Yangon ခြံလေးမှာ

ရွှေမှုန်ရတီက ဆန် အိတ် ၃ဝအိတ်နှင့် အလှူငွေ တသိန်းသွားရောက်လှူဒါန်းခဲ့တာပါ ။ 

" အချေမင်းသမီးလေးလို ့နာမည်ကြီးနေတဲ့

နိုင်ငံကျော်မင်းသမီးShwe Hmone Yatiလေး

ဒီကနေ ့Golden Heartခြံကလေးကို ဆန် အိတ် ၃ဝအိတ်နှင့်

အလှူငွေ တသိန်းလာရောက်လှူဒါန်းသွားပါတယ်

ဂီလာနကလေးတွေကို တွေ ့တော့ သူမ ခမြာ မျက်ရည်မဆည်နိုင်ဖြစ်နေပါတယ်။

ခြံကလေးရဲ့လိုအပ်ချက်ကလေးတွေကိုဖြည့်ဆည်းပေးပြီကလေးတွေအပေါ ်မေတ္တာထားတဲ့ညီမလေး

ဒီထက်မက အောင်မြင်မှူ ့ပန်းတိုင်တွေ စိုက်ထူနိုင်ပါစေနော်

သူမကိုကြည့်ချင်လို ့လာရောက်စုရုံးနေတဲ့ပရိတ်သတ်တွေ

ကိုလည်း ဖော်ရွေစွာနှုတ်ဆက်ရင်းဓာတ်ပုံတွေ

အရိုက်ခံခဲ့ပါသေးတယ်)

(အစစအရာရာအဆင်ပြေပြီး

စိတ်ရောကိုယ်ပါကျန်းမာချမ်းသာပါစေလို ့G.Hမိသားစုမှ

ဆုမွန်ကောင်းတောင်းရင်းမှတ်တမ်းတင်လိုက်ပါတယ်။

(ခွေးလေးတွေ ကုတ်ဖက်တက်လို ့

လက်မောင်းမှာအစင်းရာတွေ

ဖြစ်သွားတွေအတွက်စိတ်မကောင်းပါဘူးကွယ်) " လို့ Golden Heart Animals Rescue Yangon က ပြောကြားထားတာပဲဖြစ်ပါတယ် ... ။

သတင်းအရင်းမြစ် Golden Heart Animals Rescue Yangon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။