ချစ်စရာ မျက်နှာဝိုင်းလေးနဲ့ မင်းသမီးချောလေး မေသက်ခိုင်ကတော့ လှုမှုကွန်ယက်ကနေ တစ်စုံတစ်ယောက်က သူမ အမည်နှင့် အယောင်ဆောင်ကာ

စာတွေလျှောက်တင်နေလို့ စိတ်အနှောက်အယှက်ဖြစ်နေရပါတယ် ။ သူမ အသုံးမပြုသော မေသက်ခိုင် ဆိုသည့် Page တစ်ခုကနေ ဖိအားတွေများတဲ့အတွက်ကြောင့် အကောင့်သစ် သူတစ်ပါးကို ဖွင့်ခိုင်းပြီး အသုံးပြုနေပါတယ်လို့ လိမ်ညာပြီး တင်ထားကာ ဓါတ်ပုံတွေယူသုံး စာတွေလည်းတင်နေခဲ့တာပါ ။

မေသက်ခိုင်ကတော့ 

''အော် mtk က fb acc တောင်မဖွင့်တတ်တော့တဲ့ဘဝပါလား

ပရိတ်သတ်တွေကိုမညာပါနဲ့ရှင်

ကျွန်မဒီ acc တစ်ခုနဲ့ page တစ်ခုပဲသုံးပါတယ်

မိသားစုတွေ သူငယ်ချင်းတွေအတွက် private acc တစ်ခုလည်း

ကျွန်မအတွက် fb က တရားဝင်ခွင့်ပြုပေးထားပါတယ်

ဒီ acc ကလည်း 2011 ထဲကသုံးနေတာပါ

ဘာလို့ကျွန်မပရိတ်သတ်တွေကိုလာလိမ်နေတာလဲ

fan တွေက လာလာမေးကြတဲ့အခါ ကျွန်မလည်းအားနာနေရတယ်

အေးအေးချမ်းချမ်းပဲနေပါရစေ '' လို့ သူမရဲ့ လူမှုကွန်ယက်ကနေ ထိုကိစ္စနဲ့ ပါတ်သတ်ပြီး ပရိတ်သတ်တွေ အထင်လွဲမှာစိုးလို့ ပြောဆိုရှင်းပြထားပါတယ် ။

''ချစ်လို့ ခင်လို့ ဓာတ်ပုံယူသုံးတာကိုလက်ခံပေမဲ့

အခုလိုစာတင်ပြီး ပရိတ်သတ်တွေကိုညာတာကိုတော့

တကယ်ပဲလက်မခံပါဘူး '' လို့လည်း ရေးသားခဲ့ပါသေးတယ် ။

အနုပညာရှင်တွေရဲ့ ဘဝကလည်းမလွယ်လှပါဘူးနော် ။ 

သတင်းအရင်းမြစ် may thet khine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။