သီရိလကာင်္နိုင်ငံကို သြစတြေးလျနိုင်ငံက ရန်ပုံငွေ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီ ဘစ်ရှော့က ပြောကြားခဲ့ကြောင်း Medical Xpress မှာဖော်ပြထားပါတယ်။
အဆိုပါထောက်ပံ့မှုက သီရိလကာင်္နိုင်ငံအတွင်းဆိုးရွားစွာ ဖြစ်ပွားနေတဲ့ သွေးလွန်တုတ်ကွေးရောဂါကို တိုက်ဖျက်ရာမှာ ကူညီဖို့ထောင်ပံ့မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။သီရိလင်္ကာနိုင်ငံမှာ အခုနှစ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ကူးစက်သူ (၁)သိန်းနီးပါးရှိပြီး သေဆုံးသူ (၂၅၀)ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ကို သီရိလကာင်္နို်င်ငံမှာ ဖြစ်ပွားနေတဲ့ သွေးလွန် တုတ်ကွေးရောဂါကို တားဆီးကာကွယ်ဖို့ ၊ စီမံခန့်ခွဲဖို့နဲ့ အမြစ်ဖြတ်ချေမှုန်းဖို့အတွက် အမေရိကန်ဒေါ်လာ (၄)သိန်းနီးပါး သြစတြေးလျနိုင်င ံက ရန်ပုံငွေ ပေးအပ်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။
Aung
သတင်းအရင်းမြစ် Medical Xpress
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။